ကယားျပည္နယ္ လိြဳင္ေကာ္တြင္ စာဆိုေတာ္ေန႔အထိမ္းအမွတ္အျဖစ္ စာေပအႏုပညာပြဲေတာ္ႏွင့္ စာအုပ္ေစ်းေရာင္းပြဲေတာ္ ဒီဇင္ဘာလ(၁၆)ရက္ေန႔အထိ က်င္းပမည္

ကယားျပည္နယ္ လိြဳင္ေကာ္တြင္ စာဆိုေတာ္ေန႔အထိမ္းအမွတ္အျဖစ္ စာေပအႏုပညာပြဲေတာ္ႏွင့္ စာအုပ္ေစ်းေရာင္းပြဲေတာ္ ဒီဇင္ဘာလ(၁၆)ရက္ေန႔အထိ က်င္းပမည္
ဒီဇင်ဘာ 12, 2018
By Tachileik News Agency

ကယားျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ျမန္မာႏိုင္ငံစာၾကည့္တိုက္မ်ားေဖာင္ေဒရွင္းတို႔ ပူးေပါင္း၍  စာဆိုေတာ္ေန႔ အထိမ္းအမွတ္ စာဖတ္ရွိန္ျမႇင့္တင္ေရးႏွင့္ စာေပအႏုပညာပြဲေတာ္အား ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၄) ရက္ေန႔မွ (၁၆) ရက္ေန႔အထိ လိြဳင္ေကာ္ၿမိဳ႕ ျပည္နယ္ခန္းမတြင္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပြဲေတာ္တြင္ ကယားျပည္နယ္အတြင္းရွိ အေျခခံပညာေက်ာင္းမ်ားမွ ေက်ာင္းသားေက်ာင္းသူမ်ား၏ စကားရည္လုၿပိဳင္ပြဲမ်ား ပါဝင္မည္ျဖစ္ၿပီး စာေရးဆရာႀကီးမ်ား၏ စာေပေဟာေျပာပြဲမ်ားနွင့္ စာေပတိုက္ႀကီးမ်ားမွ စာအုပ္ေစ်းေရာင္းပြဲမ်ား ပါဝင္မည္ ျဖစ္ေၾကာင္း သိရသည္။

စာေပေဟာေျပာပြဲမ်ားကို ညစဥ္(၇)နာရီတြင္ စတင္မည္ျဖစ္ၿပီး ဒီဇင္ဘာလ (၁၅ )ရက္ေန႔တြင္ ဦးဘုန္း(ဓါတု)၊ ထြဏ္းေသြးအိမ္၊ ညီမင္းညိဳႏွင့္ ဒီဇင္ဘာလ (၁၆) ရက္ေန႔တြင္ ဦးေမာင္ေမာင္လတ္(ေနာင္)၊ ကာတြန္းဆရာေအာ္ပီက်ယ္တို႔က ေဟာေျပာမည္ျဖစ္ရာ မည္သူမဆို အခမဲ့လာေရာက္ႏိုင္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေရှင်းတို့ ပူးပေါင်း၍ စာဆိုတော်နေ့ အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေအနုပညာပွဲတော်အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့အထိ လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်တွင် ကယားပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ၏ စကားရည်လုပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး စာရေးဆရာကြီးများ၏ စာပေဟောပြောပွဲများနှင့် စာပေတိုက်ကြီးများမှ စာအုပ်ဈေးရောင်းပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

စာပေဟောပြောပွဲများကို ညစဉ်(၇)နာရီတွင် စတင်မည်ဖြစ်ပြီး ဒီဇင်ဘာလ (၁၅ )ရက်နေ့တွင် ဦးဘုန်း(ဓာတု)၊ ထွဏ်းသွေးအိမ်၊ ညီမင်းညိုနှင့် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ဦးမောင်မောင်လတ်(နောင်)၊ ကာတွန်းဆရာအော်ပီကျယ်တို့က ဟောပြောမည်ဖြစ်ရာ မည်သူမဆို အခမဲ့လာရောက်နိုင်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~