ကယားျပည္နယ္ရိွ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕၏ သစ္တန္ (၅၀၀၀)ကို ျပည္ေထာင္စုအစိုးရ စီမံခန္႔ခြဲမည္

ကယားျပည္နယ္ရိွ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕၏ သစ္တန္ (၅၀၀၀)ကို ျပည္ေထာင္စုအစိုးရ စီမံခန္႔ခြဲမည္
သြဂုတ် 27, 2018
By Tachileik News Agency

ကယားျပည္နယ္ရွိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔တစ္ခုျဖစ္သည့္ KLPLF ၏ သစ္တန္ခ်ိန္ (၅၀၀၀)ကို သံလြင္ျမစ္ေရတြင္ ေမ်ာပါ ေပ်ာက္ဆံုးမႈ မျဖစ္ေစရန္ လိြဳင္ေကာ္သို႔ သယ္ေဆာင္ၿပီး ျပည္ေထာင္စုအစိုးရက စီမံခန္႔ခြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ပုဂၢလိကရဲ႕ လက္က်န္သစ္ေတြကို ႏိုင္ငံေတာ္က ဝယ္ေပးလိုက္တဲ့ သေဘာပါပဲ။ ကြၽန္ေတာ္တို႔ ျမန္မာ့သစ္လုပ္ငန္းက သစ္ေတြကိုေတာ့ ႏိုင္ငံျခားထိ တင္ပို႔ခြင့္ရွိတယ္။ ဒီသစ္ေတြကိုေတာ့ ႏိုင္ငံေတာ္က ဆက္ၿပီး စီမံမွာေပါ့။ သစ္ကထုတ္ခြင့္ မျပဳေတာ့ဘူးေလ။ အခုသစ္ေတြက အရင္က ဒီတိုင္းရင္းသား လက္နက္ကိုင္ကုမၸဏီက ထုတ္ခဲ့တဲ့ လက္က်န္သစ္ေတြေပါ့။ NRPC ကခြင့္ျပဳတာလည္း ဒါပထမဆုံးနဲ႔ ေနာက္ဆုံးပဲေပါ့ " ျမန္မာ့သစ္လုပ္ငန္း လက္ေထာက္အေထြေထြမန္ေနဂ်ာ ဦးျမင့္ေဆြက ေျပာသည္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ KLPLF ၏ ကုမၸဏီျဖစ္သည့္ အေရွ႕သံလြင္ကုမၸဏီက ယခင္က ခုတ္၍ သံလြင္အေရွ႕ဖက္ျခမ္းရွိ ရွားေတာ၊ မယ္စဲ့ ၊ ရြာသစ္ၿမိဳ႕နယ္မ်ားတြင္ စုပံုထားသည့္ သစ္မာတန္ (၂၀၀၀)ႏွင့္ ကြၽန္းသစ္တန္ (၃၀၀၀)တို႔ကို အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနွင့္ ၿငိမ္းခ်မ္းေရးစင္တာ (NRPC) ၏ ခြင့္ျပဳခ်က္ျဖင့္ တရားဝင္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ လိြဳင္ေကာ္သို႔ သယ္ေဆာင္ကာ အဆိုပါ သယ္ေဆာင္ကုန္က်စရိတ္ကို ႏိုင္ငံေတာ္က ကုမၸဏီထံေပးေခ်ကာ သစ္မ်ားအား ျပည္ေထာင္စုမွ စီမံခန္႔ခြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔က အဲ့ဒီပိြဳင့္ေလးပိြဳင့္က သစ္ေတြကို သစ္ေတာရဲ႕ တံဆိပ္ရုိက္ႏွိပ္ၿပီးေတာ့ ႀကီးၾကပ္ေပးရမယ္။ သယ္ရင္လည္း ယာယီကားတိုက္ေျပစာလုပ္ၿပီးသယ္မယ္ ကုန္းသာသစ္ဆိပ္မွာ စုပုံၿပီး သစ္ေတြကို စစ္ေဆးမယ္။ တန္ငါးေထာင္အတိေပါ့။ စစ္ေဆးၿပီးရင္ ျမန္မာ့သစ္လုပ္ငန္းကိုလႊဲမယ္။ ၿပီးရင္ေတာ့ က်န္တာက ႏိုင္ငံေတာ္က စီမံသြားမွာေပါ့"ဟု ခရုိင္သစ္ေတာဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးစိုးမိုးက ေျပာသည္။

သံလြင္ျမစ္ေရႀကီးေနရာ သံလြင္ျမစ္အေရွ႕ဖက္ျခမ္းရွိ သစ္ထုတ္လုပ္ကြက္မ်ားရိွ အဆိုပါသစ္မ်ား ေမ်ာပါေပ်ာက္ဆံုးျခင္းမရိွေစရန္ ၂၀၁၈ ခုနွစ္ ၾသဂုတ္လ (၂၇) ေန႔မွစ၍ လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် KLPLF၏ သစ်တန်ချိန် (၅၀၀၀)ကို သံလွင်မြစ်ရေတွင် မျောပါ ပျောက်ဆုံးမှု မဖြစ်စေရန် လွိုင်ကော်သို့ သယ်ဆောင်ပြီး ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း သိရသည်။

"ပုဂ္ဂလိကရဲ့ လက်ကျန်သစ်တွေကို နိုင်ငံတော်က ဝယ်ပေးလိုက်တဲ့ သဘောပါပဲ။ ကျွန်တော်တို့ မြန်မာ့သစ်လုပ်ငန်းက သစ်တွေကိုတော့ နိုင်ငံခြားထိ တင်ပို့ခွင့်ရှိတယ်။ ဒီသစ်တွေကိုတော့ နိုင်ငံတော်က ဆက်ပြီး စီမံမှာပေါ့။ သစ်ကထုတ်ခွင့် မပြုတော့ဘူးလေ။ အခုသစ်တွေက အရင်က ဒီတိုင်းရင်းသား လက်နက်ကိုင်ကုမ္ပဏီက ထုတ်ခဲ့တဲ့ လက်ကျန်သစ်တွေပေါ့။ NRPC ကခွင့်ပြုတာလည်း ဒါပထမဆုံးနဲ့ နောက်ဆုံးပဲပေါ့ " မြန်မာ့သစ်လုပ်ငန်း လက်ထောက်အထွေထွေမန်နေဂျာ ဦးမြင့်ဆွေက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KLPLF၏ ကုမ္ပဏီဖြစ်သည့် အရှေ့သံလွင်ကုမ္ပဏီက ယခင်က ခုတ်၍ သံလွင်အရှေ့ဖက်ခြမ်းရှိ ရှားတော၊ မယ်စဲ့၊ ရွာသစ်မြို့နယ်များတွင် စုပုံထားသည့် သစ်မာတန် (၂၀၀၀)နှင့် ကျွန်းသစ်တန် (၃၀၀၀)တို့ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ (NRPC)၏ ခွင့်ပြုချက်ဖြင့် တရားဝင်လုပ်ထုံးလုပ်နည်းများနှင့်အညီ လွိုင်ကော်သို့ သယ်ဆောင်ကာ အဆိုပါ သယ်ဆောင်ကုန်ကျစရိတ်ကို နိုင်ငံတော်က ကုမ္ပဏီထံပေးချေကာ သစ်များအား ပြည်ထောင်စုမှ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့က အဲ့ဒီပွိုင့်လေးပွိုင့်က သစ်တွေကို သစ်တောရဲ့ တံဆိပ်ရိုက်နှိပ်ပြီးတော့ ကြီးကြပ်ပေးရမယ်။ သယ်ရင်လည်း ယာယီကားတိုက်ပြေစာလုပ်ပြီးသယ်မယ် ကုန်းသာသစ်ဆိပ်မှာ စုပုံပြီး သစ်တွေကို စစ်ဆေးမယ်။ တန်ငါးထောင်အတိပေါ့။ စစ်ဆေးပြီးရင် မြန်မာ့သစ်လုပ်ငန်းကိုလွှဲမယ်။ ပြီးရင်တော့ ကျန်တာက နိုင်ငံတော်က စီမံသွားမှာပေါ့"ဟု ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမိုးက ပြောသည်။

သံလွင်မြစ်ရကြေီးနေရာ သံလွင်မြစ်အရှေ့ဖက်ခြမ်းရှိ သစ်ထုတ်လုပ်ကွက်များရှိ အဆိုပါသစ်များ မျောပါပျောက်ဆုံးခြင်းမရှိစေရန် ၂၀၁၈ ခုနှစ် သြဂုတ်လ (၂၇) နေ့မှစ၍ လုပ်ဆောင်နပြေီဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~