
ဒီဇငျဘာ 13, 2018
By 🌸

ဌာနဆိုင်ရာများက နေ့ချင်းပြီးဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများကို တစ်နေရာထဲတွင် အပြီးအစီးလုပ်ဆောင်ပေးနိုင်ရန် ဌာနပေါင်းစုံပါဝင်သည့် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS– One Stop Shop) များအား ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် မြို့နယ်တိုင်းတွင် ပြည်သူ့ဝန်ဆောင်မှုရုံးများထူထောင်ဖွင့်လှစ်ရေး ဗဟိုကော်မတီက UNDP ၏ အကူအညီဖြင့် ဖွင့်လှစ်ပေးနေခြင်းဖြစ်သည်။

ယင်းကဲ့သို့ လိုက်လံဖွင့်လှစ်နေရာတွင် ခရိုင်မြို့များတွင် ဦးစားပေးဖွင့်လှစ်နေပြီး ဒေသလိုအပ်ချက်အပေါ် မူတည်ပြီး OSS ရုံးများတွင် ရုံးထိုင်သည့်ဌာနမှာ (၇)ဌာနမှ (၁၂)ဌာနအထိ ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ဌာနဆိုင်ရာများထံမှ ဝန်ဆောင်မှုရယူရာတွင် ပိုမိုမြန်ဆန်လာစေရန်၊ လာဘ်လာဘ်ယူကင်းရှင်းစေရန်၊ ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ပြည်သူ့ဝန်ဆောင်မှုရုံးများကို ဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး အဆိုပါရုံးများသည် ရုံးချိန်များအတိုင်း လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဝန်ဆောင်မှုဆိုင်ရာများနှင့်ပတ်သက်၍ အဆင်မပြေမှုများရှိပါက ညှိနှိုင်းဖြေရှင်းပေးရေးအတွက် Complain Center များကိုလည်း OSS များတွင် ထည့်သွင်းပေးထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -AA

~~~~~~~~⊰❂ unicode ~~~~~~~~
မူဆယ်မြို့တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့မှစတင်ဖွင့်လှစ်လိုက်သည့် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ဌာနဆိုင်ရာများအလိုက် နေ့ချင်းပြီးလုပ်ငန်းများ ဆောင်ရွက်ပေးမည်
*********
မြန်မာ - တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဘေးရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်နေ့ နံနက် (၉)နာရီကျော်က ဖွင့်လှစ်လိုက်သည်။

ဌာနဆိုင်ရာများက နေ့ချင်းပြီးဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများကို တစ်နေရာထဲတွင် အပြီးအစီးလုပ်ဆောင်ပေးနိုင်ရန် ဌာနပေါင်းစုံပါဝင်သည့် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS– One Stop Shop) များအား ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် မြို့နယ်တိုင်းတွင် ပြည်သူ့ဝန်ဆောင်မှုရုံးများထူထောင်ဖွင့်လှစ်ရေး ဗဟိုကော်မတီက UNDP၏ အကူအညီဖြင့် ဖွင့်လှစ်ပေးနခြေင်းဖြစ်သည်။

ယင်းကဲ့သို့ လိုက်လံဖွင့်လှစ်နေရာတွင် ခရိုင်မြို့များတွင် ဦးစားပေးဖွင့်လှစ်နပြေီး ဒေသလိုအပ်ချက်အပေါ် မူတည်ပြီး OSS ရုံးများတွင် ရုံးထိုင်သည့်ဌာနမှာ (၇)ဌာနမှ (၁၂)ဌာနအထိ ရှိကြောင်း သိရသည်။

ပြည်သူများအနဖြေင့် ဌာနဆိုင်ရာများထံမှ ဝန်ဆောင်မှုရယူရာတွင် ပိုမိုမြန်ဆန်လာစေရန်၊ လာဘ်လာဘ်ယူကင်းရှင်းစေရန်၊ ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ပြည်သူ့ဝန်ဆောင်မှုရုံးများကို ဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး အဆိုပါရုံးများသည် ရုံးချိန်များအတိုင်း လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဝန်ဆောင်မှုဆို်င်ရာများနှင့်ပတ်သက်၍ အဆင်မပြေမှုများရှိပါက ညှိနှိုင်းဖြေရှင်းပေးရေးအတွက် Complain Center များကိုလည်း OSS များတွင် ထည့်သွင်းပေးထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ -AA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~