ေက်ာက္မဲၿမိဳ႕ရွိ စိန္ေအာင္၀င္းရုပ္ရွင္ရံုေဟာင္းကို ဧၿပီလအတြင္း ျပန္လည္ဖြင့္လွစ္ ျပသသြားမည္

ေက်ာက္မဲၿမိဳ႕ရွိ စိန္ေအာင္၀င္းရုပ္ရွင္ရံုေဟာင္းကို ဧၿပီလအတြင္း ျပန္လည္ဖြင့္လွစ္ ျပသသြားမည္
ဧပြီ 1, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕ရိွ စိန္ေအာင္ဝင္းရုပ္ရွင္ရံုေဟာင္းကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလအတြင္း ျပန္လည္ ဖြင့္လွစ္ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပုဂၢလိကရုပ္ရွင္ရံုကို ႏွစ္အေတာ္ၾကာပိတ္ထားရာမွ အႀကီးစားျပင္ဆင္မႈျပဳလုပ္မည္ဟု သတင္းမ်ားထြက္ေပၚလာခဲ့ေသာ္လည္း လက္ရိွတြင္ မူလရံုအတုိင္းျပန္လည္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

"ပထမခ်ိတ္ဆက္တဲ့ကုမၸဏီက သိပ္အဆင္မေျပတဲ့အတြက္ ေနာက္အဖြဲ႔တစ္ခုနဲ႔ ပူးေပါင္းၿပီးဆက္လုပ္သြားမွာပါ။ အႀကီးစားျပင္ဆင္မႈအတြက္ သက္ဆိုင္ရာကိုတင္ထားတာက ခြင့္ျပဳခ်က္အျပည့္အဝမရေသးဘူး။ အခုထပ္ၿပီး တြဲဖက္လုပ္ကိုင္မယ့္အဖြဲ႔ကေတာ့ ရုပ္ရွင္ရံုကိုျပင္ဆင္မႈမလုပ္ခင္မွာ အရင္အျပင္အဆင္အတိုင္းပဲ ျပသြားမယ္။ စက္ကိရိယာေတြကိုေတာ့ ႏိုင္ငံတကာအဆင့္မီစက္ေတြ၊ ပိတ္ကားေတြကိုသံုးၿပီးျပသြားမွာျဖစ္ပါတယ္။ ဧၿပီလ မကုန္ခင္ျပန္ျပသြားမွာပါ " ဟု ေက်ာက္မဲရွိ စိန္ေအာင္ဝင္းရုပ္ရွင္ရံုမိသားစုဝင္တစ္ဦးျဖစ္သည့္ ကိုေက်ာ္စိုးေအာင္ က တာခ်ီလိတ္ သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ရပ္ဆုိင္းထားသည့္ စိန္ေအာင္ဝင္းရုပ္ရွင္ရံုအား ၂၀၁၈ ခုႏွစ္အတြင္း အႀကီးစားျပင္ဆင္မႈမ်ားျပဳလုပ္ကာ ရွမ္းျပည္နယ္တစ္ခုလံုး၌ ပထမဦးဆံုးအျဖစ္ ပိတ္ကား ၂ ခုႏွင့္တစ္ၿပိဳင္တည္း ျပသႏိုင္သည့္ ရုပ္ရွင္ရံုအျဖစ္ ျပန္လည္ဖြင့္လွစ္ျပသႏိုင္ရန္ စီစဥ္ခဲ့ေသာ္လည္း ပူးေပါင္းေဆာင္ရြက္မည့္ ကုမၸဏီအခက္အခဲႏွင့္ ခြင့္ျပဳခ်က္အျပည့္အဝအမရွိေသးသည့္အတြက္ ရုပ္ရွင္ဇာတ္ကားမ်ား စတင္ျပသႏိုင္ေရးကိုသာ ကနဦးစီစဥ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ဧၿပီလအတြင္း ျပန္လည္ျပသေတာ့မည့္ စိန္ေအာင္ဝင္းရုပ္ရွင္ရံုတြင္ ႏိုင္ငံတကာအဆင့္မီ 4K ပိတ္ကား ( ေထာင့္ျဖတ္ ေပ ၆၀)၊ Barco Brand 4K Resolution Projector ၊ အသံစနစ္အျဖစ္ 360 DTSX 3D Sound System တို႔ကို အသံုးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း -  ေနၿဖိဳးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ စိန်အောင်ဝင်းရုပ်ရှင်ရုံဟောင်းကို ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း ပြန်လည် ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂလိကရုပ်ရှင်ရုံကို နှစ်အတော်ကြာပိတ်ထားရာမှ အကြီးစားပြင်ဆင်မှုပြုလုပ်မည်ဟု သတင်းများထွက်ပေါ်လာခဲ့သော်လည်း လက်ရှိတွင် မူလရုံအတိုင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

"ပထမချိတ်ဆက်တဲ့ကုမ္ပဏီက သိပ်အဆင်မပြေတဲ့အတွက် နောက်အဖွဲ့တစ်ခုနဲ့ ပူးပေါင်းပြီးဆက်လုပ်သွားမှာပါ။ အကြီးစားပြင်ဆင်မှုအတွက် သက်ဆိုင်ရာကိုတင်ထားတာက ခွင့်ပြုချက်အပြည့်အဝမရသေးဘူး။ အခုထပ်ပြီး တွဲဖက်လုပ်ကိုင်မယ့်အဖွဲ့ကတော့ ရုပ်ရှင်ရုံကိုပြင်ဆင်မှုမလုပ်ခင်မှာ အရင်အပြင်အဆင်အတိုင်းပဲ ပြသွားမယ်။ စက်ကိရိယာတွေကိုတော့ နိုင်ငံတကာအဆင့်မီစက်တွေ၊ ပိတ်ကားတွေကိုသုံးပြီးပြသွားမှာဖြစ်ပါတယ်။ ဧပြီလ မကုန်ခင်ပြန်ပြသွားမှာပါ " ဟု ကျောက်မဲရှိ စိန်အောင်ဝင်းရုပ်ရှင်ရုံမိသားစုဝင်တစ်ဦးဖြစ်သည့် ကိုကျော်စိုးအောင် က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ရပ်ဆိုင်းထားသည့် စိန်အောင်ဝင်းရုပ်ရှင်ရုံအား ၂၀၁၈ ခုနှစ်အတွင်း အကြီးစားပြင်ဆင်မှုများပြုလုပ်ကာ ရှမ်းပြည်နယ်တစ်ခုလုံး၌ ပထမဦးဆုံးအဖြစ် ပိတ်ကား ၂ ခုနှင့်တစ်ပြိုင်တည်း ပြသနိုင်သည့် ရုပ်ရှင်ရုံအဖြစ် ပြန်လည်ဖွင့်လှစ်ပြသနိုင်ရန် စီစဉ်ခဲ့သော်လည်း ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီအခက်အခဲနှင့် ခွင့်ပြုချက်အပြည့်အဝအမရှိသေးသည့်အတွက် ရုပ်ရှင်ဇာတ်ကားများ စတင်ပြသနိုင်ရေးကိုသာ ကနဦးစီစဉ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလအတွင်း ပြန်လည်ပြသတော့မည့် စိန်အောင်ဝင်းရုပ်ရှင်ရုံတွင် နိုင်ငံတကာအဆင့်မီ 4K ပိတ်ကား ( ထောင့်ဖြတ် ပေ ၆၀)၊ Barco Brand 4K Resolution Projector၊ အသံစနစ်အဖြစ် 360 DTSX 3D Sound System တို့ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း  - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net