နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ နေအိမ်များအား စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲပြီး ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်သွား 

နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ နေအိမ်များအား စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲပြီး ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်သွား 
နိုဝင်ဘာ 6, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ကို စစ်ကောင်စီတပ်များ ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့ ညပိုင်းက ဝင်ရောက်မွှေနှောက်ကာ ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်သွားကြောင်း သိရသည်။

နမ့်ခမ်းမြို့ အမှတ်(၁၃)၊ သာယာကုန်းရပ်ကွက်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသော စခန်းသစ်ကုန်းတပ်စခန်းတွင် သေနတ်သံကြားရသဖြင့် သာယာကုန်းရပ်ကွက်မှ ဒေသခံများတိမ်းရှောင်နေစဉ် စစ်ကောင်စီတပ်သားများက နေအိမ်အတွင်းသို့ သော့ဖျက်ဝင်ရောက်ကာ နေအိမ်အတွင်း စခန်းချနေထိုင်ခဲ့ကြပြီး ပစ္စည်းများအား မွှေနှောက်ယူဆောင်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

ပစ္စည်းများမွှေနှောက်ပြီး ရွှေ၊ ငွေများမတွေ့၍ အဝတ်အထည်နှင့် အခြားအသုံးအဆောင်များ ယူဆောင်သွားကြသည့်အပြင် နေအိမ်များပေါ်တွင် မစင်များစွန့်ထားကြခြင်း၊ နေအိမ်အတွင်းရှိ ပရိဘောဂများကို ရိုက်ချိုးဖျက်စီးခဲ့ကြခြင်းများ ပြုလုပ်သွားကြသည်ဟု သိရသည်။ 

 

၁၀၂၇ စစ်ဆင်ရေးအဖြစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင်စတင်ခဲ့ရာ (၁၀)ရက်အတွင်း လားရှိုး၊ သိန္နီ၊ မူဆယ်၊ ကွတ်ခိုင်၊ မန်တုံ၊ မိုးကုတ်နှင့် နမ့်ခမ်းမြို့များတွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း(၃၀,၀၀၀)ကျော်ရှိလာပြီဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : News & Information Department