ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပါချုပ်ဆရာတော်ကြီး၏ (၂)ညတိုင်တိုင် တရားပွဲ နိုဝင်ဘာလ(၂၀)ရက်နေ့ ညတွင် စတင်မည်

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပါချုပ်ဆရာတော်ကြီး၏ (၂)ညတိုင်တိုင် တရားပွဲ နိုဝင်ဘာလ(၂၀)ရက်နေ့ ညတွင် စတင်မည်
နိုဝင်ဘာ 20, 2018
By Tachileik News Agency




Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ရွှေတောင်ပရိယတ္တိစာသင်တိုက်၊ ဓမ္မဂုဏ်ရည် ဗိမာန်တော်ကြီးတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသမှ (၂)ညတိုင်တိုင် တရားတော် ဟောကြားတော်မူမည်ဖြစ်ကြောင်း သိရသည်။

ပါချုပ်ဆရာတော်ကြီး၏ တရားပွဲအား ဓမ္မဂုဏ်ရည် ဗိမာန်တော်ကြီးတွင် ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့မှ (၂၁)ရက်နေ့အထိ ညစဉ် (၇)နာရီ၌ စတင်မည်ဖြစ်ရာ မည်သူမဆို တရားနာကြွရောက် နိုင်မည်ဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် တရားတော်ဟောကြားတော်မူရန်အတွက် ပါချုပ်ဆရာတော်ကြီးသည် ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်သို့ လေကြောင်းခရီးစဉ်ဖြင့် ကြွရောက်တော်မူလာခြင်း ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ကယားပြည်နယ်အစိုးရ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~