ကယားျပည္နယ္တြင္ ရာသီတုပ္ေကြးလူနာ(၄)ဦးရိွေနၿပီး သံသယလူနာ (၃)ဦး ဓါတ္ခြဲစစ္ေဆးေနဆဲ

ကယားျပည္နယ္တြင္ ရာသီတုပ္ေကြးလူနာ(၄)ဦးရိွေနၿပီး သံသယလူနာ (၃)ဦး ဓါတ္ခြဲစစ္ေဆးေနဆဲ
ဇူလိုင် 22, 2019
By 🌸
ကယားျပည္နယ္၊ လိြဳင္ေကာ္ျပည္သူ႔ေဆးရံုႀကီးတြင္ ရာသီတုပ္ေကြး(H1N1) သံသယလူနာ(၇) ဦးအနက္ (၄)ဦးမွာ H1N1 ျဖစ္ပြားေနေၾကာင္း ဓါတ္ခြဲဌာနက အတည္ျပဳထားၿပီး က်န္လူနာ(၃)ဦးမွာ အေျဖေစာင့္ဆုိင္းေနဆဲျဖစ္ေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၂)ရက္ေန႔၌ သတင္းထုတ္ျပန္သည္။

"ပထမဆံုးစတက္တာက လြိဳင္ေကာ္ၿမိဳ႕နယ္က (၂) ေယာက္၊ ပန္ခန္းနဲ႔ နာနတ္ေတာက ကေလးေတြေပါ့။ အဲဒီ (၂) ေယာက္က ေကာင္းသြားၿပီ။ ေနာက္ (၂) ေယာက္ထပ္တက္တာ ဖယ္ခံုက အမ်ိဳးသမီး (၁) ေယာက္ရယ္၊ ကေလးေလး (၁) ေယာက္ရယ္။ အမ်ိဳးသမီးက ေကာင္းသြားလို႔ ေဆးရံုက ဆင္းသြားၿပီ။ အခုထပ္ပို႔ထားတဲ့ (၃) ေယာက္မွာ ေတာ္အုတ္ကူက (၁) ေယာက္၊ ဒီေမာ့ဆိုက ကေလး (၁) ေယာက္၊ ေမာ္ခ်ီးက ကေလး (၁) ေယာက္။ သူတို႔ကပိုးေတြ႕တယ္။ အတည္ျပဳတဲ့အေျဖက ရန္ကုန္ဓါတ္ခြဲခန္းက ျပန္မေရာက္ေသးဘူး။ ပိုးေတြ႕တဲ့သူေတြကို သီးသန္႔အခန္းမွာထားတယ္။ ကုတဲ့ဆရာ၊ ဆရာမေတြကလည္း ႏွာေခါင္းစည္းေတြ၊ ဂ်ဴတီကုတ္ေတြစနစ္တက်ဝတ္ၿပီးကုသေနသလို လူအမ်ားႀကီးလည္းေပးမဝင္ဘူး"ဟု ကယားျပည္နယ္ ကုသေရးႏွင့္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွဴး ေဒါက္တာေဌးလြင္က ဇူလုိင္လ (၂၂)ရက္ေန႔က သတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။

ရာသီတုပ္ေကြးေရာဂါျဖစ္ပြားသူမ်ားကို လိြဳင္ေကာ္ျပည္သူ႕ေဆးရံုႀကီးတြင္ ကုသေပးေနၿပီး ေရာဂါမျပန္႔ပြားေစေရးအတြက္လည္း စနစ္တက် အစီအမံမ်ား ခ်မွတ္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

"လြိဳင္ေကာ္တစ္ၿမိဳ႕နယ္လံုးမွာရိွတဲ့ သြားဖြားဆရာမေတြအားလံုးေကာက္ထားတဲ့ ကိုယ္ဝန္ေဆာင္ေတြရိွတယ္။ အဲဒီကိုယ္ဝန္ေဆာင္ေတြခ်ိန္းၿပီးေတာ့ ဆရာတို႔ ကာကြယ္ေဆးထိုးေပးမွာ ျဖစ္ပါတယ္။ သားဖြားဆရာမေတြက လြိဳင္ေကာ္ၿမိဳ႕နယ္မွာဆိုရင္ (၂၀၀) ေက်ာ္ရိွတယ္။ ၿပီးေတာ့ ပန္ကန္းက ကေလးေရာ၊ နာနတ္ေတာကကေလးေရာ အဲဒီကေလးေတြအိမ္ေတြေရာ၊ သူတို႔ရပ္ကြက္ထဲမွာရိွတဲ့ ပတ္၀န္းက်င္က အိမ္ေတြေရာစစ္ၿပီးေတာ့ ဘယ္သူေတြဖ်ားေနလည္း စစ္ေဆးၿပီးေတာ့ ေရာဂါေတြ မျပန္႔ပြားေအာင္ မဆိုးသြားေအာင္ေဆာင္ရြက္ေနပါတယ္"ဟု ကယားျပည္နယ္ ကုသေရးႏွင့္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွဴး ေဒါက္တာေဌးလြင္က ေျပာသည္။

ရာသီတုပ္ေကြး H1N1 ျဖစ္ပြားသည့္လကၡဏာမ်ားျဖစ္သည့္ အပူခ်ိန္  (၃၈) ဒီကရီစင္တီဂရိတ္ႏွင့္အထက္ အဖ်ားရွိျခင္း၊ ႏွာရည္ယိုျခင္း၊ ႏွာေခ်ျခင္း၊ ေခ်ာင္းေျခာက္ဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေခါင္းကိုက္ျခင္း၊ ကိုယ္လက္ကိုက္ခဲျခင္းႏွင့္ ႏုံးေခြျခင္းမ်ား ျဖစ္ပြားပါက နီးစပ္ရာေဆးဆိုင္ေဆးခန္းမ်ားတြင္ ကုသျခင္းမျပဳဘဲ ေဆးရုံႀကီးသို႕ အျမန္ဆုံးလာေရာက္ စစ္ေဆးကုသရန္ ဆရာဝန္မ်ားက တိုက္တြန္းထားၿပီး အျခားေရာဂါအခံရိွသူမ်ားအေနျဖင့္ ရာသီတုပ္ေကြးေရာဂါျဖစ္ပြားပါက အသက္အႏၱရာယ္ဆံုးရံႈးႏုိင္သည္အထိ ျဖစ္ပြားႏိုင္ေၾကာင္း သိရသည္။

တစ္ႏုိင္ငံလံုးအတိုင္းအတာျဖင့္ ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ (၁) ရက္ေန႔မွ ဇူလိုင္လ (၂၀) ရက္ေန႔အထိ ရာသီတုပ္ေကြးေရာဂါ(H1N1) ေရာဂါပိုးသံသယရိွသူ (၈၀၇) ဦးကို ဓာတ္ခြဲစစ္ေဆးခဲ့ရာ အတည္ျပဳလူနာ (၃၄၁) ဦးရိွခဲ့ၿပီး ေသဆံုးသူ (၆၄) ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

ေရာဂါျဖစ္ပြားမႈအမ်ားဆံုးမွာ ရန္ကုန္တိုင္းေဒသႀကီးျဖစ္ၿပီး စုစုေပါင္းအတည္ျပဳလူတာ (၁၉၀)ဦးအနက္ ေသဆံုးသူ (၅၁)ဦး၊  ဧရာ၀တီတိုင္းေဒသႀကီးတြင္ ျဖစ္ပြားသူ (၃၂) ဦးအနက္ ေသဆံုးသူ (၄) ဦး၊ ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားသူ (၂၂) ဦး၊ ကခ်င္ျပည္နယ္တြင္ ျဖစ္ပြားသူ (၂၁) ဦးအနက္ ေသဆံုးသူ (၁) ဦး၊ ေနျပည္ေတာ္တြင္ ျဖစ္ပြားသူ (၁၈) ဦး၊ မေကြးတိုင္းေဒသႀကီးတြင္ ျဖစ္ပြားသူ (၁၃) ဦးအနက္ ေသဆံုးသူ (၂) ဦး၊ ပဲခူးတိုင္းေဒသႀကီးတြင္ ျဖစ္ပြားသူ (၁၀) ဦးအနက္ ေသဆံုးသူ (၁) ဦး၊ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ျဖစ္ပြားသူ (၇) ဦးအနက္ ေသဆံုးသူ (၃) ဦး၊ မြန္ျပည္နယ္တြင္ ျဖစ္ပြားသူ (၆) ဦးအနက္ ေသဆံုးသူ (၂) ဦး၊ ကရင္ျပည္နယ္တြင္ ျဖစ္ပြားသူ (၅) ဦး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ ျဖစ္ပြားသူ (၄) ဦး၊ မႏၱေလးတိုင္းေဒသႀကီးတြင္ ျဖစ္ပြားသူ (၄) ဦး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္ ျဖစ္ပြားသူ (၄) ဦး၊ တနသၤာရီတိုင္းေဒသႀကီးတြင္ ျဖစ္ပြားသူ (၃) ဦး၊ ကယားျပည္နယ္တြင္ ျဖစ္ပြားသူ (၄) ဦးရိွေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကယားပြည်နယ်တွင်  ရာသီတုပ်ကွေးလူနာ(၄)ဦးရှိနေပြီး သံသယလူနာ (၃)ဦး ဓါတ်ခွဲစစ်ဆေးနေဆဲ
………….
ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ရာသီတုပ်ကွေး(H1N1) သံသယလူနာ(၇) ဦးအနက် (၄)ဦးမှာ H1N1 ဖြစ်ပွားနေကြောင်း ဓါတ်ခွဲဌာနက အတည်ပြုထားပြီး ကျန်လူနာ(၃)ဦးမှာ အဖြေစောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့၌ သတင်းထုတ်ပြန်သည်။

"ပထမဆုံးစတက်တာက လွိုင်ကော်မြို့နယ်က (၂) ယောက်၊ ပန်ခန်းနဲ့ နာနတ်တောက ကလေးတွေပေါ့။ အဲဒီ (၂) ယောက်က ကောင်းသွားပြီ။ နောက် (၂) ယောက်ထပ်တက်တာ ဖယ်ခုံက အမျိုးသမီး (၁) ယောက်ရယ်၊ ကလေးလေး (၁) ယောက်ရယ်။ အမျိုးသမီးက ကောင်းသွားလို့ ဆေးရုံက ဆင်းသွားပြီ။ အခုထပ်ပို့ထားတဲ့ (၃) ယောက်မှာ တော်အုတ်ကူက (၁) ယောက်၊ ဒီမော့ဆိုက ကလေး (၁) ယောက်၊ မော်ချီးက ကလေး (၁) ယောက်။ သူတို့ကပိုးတွေ့တယ်။ အတည်ပြုတဲ့အဖြေက ရန်ကုန်ဓါတ်ခွဲခန်းက ပြန်မရောက်သေးဘူး။ ပိုးတွေ့တဲ့သူတွေကို သီးသန့်အခန်းမှာထားတယ်။ ကုတဲ့ဆရာ၊ ဆရာမတွေကလည်း နှာခေါင်းစည်းတွေ၊ ဂျူတီကုတ်တွေစနစ်တကျဝတ်ပြီးကုသနေသလို လူအများကြီးလည်းပေးမဝင်ဘူး"ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ဇူလိုင်လ (၂၂)ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူများကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးနေပြီး ရောဂါမပြန့်ပွားစေရေးအတွက်လည်း စနစ်တကျ အစီအမံများ ချမှတ်လုပ်ဆောင်နေကြောင်း သိရသည်။

"လွိုင်ကော်တစ်မြို့နယ်လုံးမှာရှိတဲ့ သွားဖွားဆရာမတွေအားလုံးကောက်ထားတဲ့ ကိုယ်ဝန်ဆောင်တွေရှိတယ်။ အဲဒီကိုယ်ဝန်ဆောင်တွေချိန်းပြီးတော့ ဆရာတို့ ကာကွယ်ဆေးထိုးပေးမှာ ဖြစ်ပါတယ်။ သားဖွားဆရာမတွေက လွိုင်ကော်မြို့နယ်မှာဆိုရင် (၂၀၀) ကျော်ရှိတယ်။ ပြီးတော့ ပန်ကန်းက ကလေးရော၊ နာနတ်တောကကလေးရော အဲဒီကလေးတွေအိမ်တွေရော၊ သူတို့ရပ်ကွက်ထဲမှာရှိတဲ့ ပတ်ဝန်းကျင်က အိမ်တွေရောစစ်ပြီးတော့ ဘယ်သူတွေဖျားနေလည်း စစ်ဆေးပြီးတော့ ရောဂါတွေ မပြန့်ပွားအောင် မဆိုးသွားအောင်ဆောင်ရွက်နေပါတယ်"ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောသည်။

ရာသီတုပ်ကွေး H1N1 ဖြစ်ပွားသည့်လက္ခဏာများဖြစ်သည့် အပူချိန်  (၃၈) ဒီကရီစင်တီဂရိတ်နှင့်အထက် အဖျားရှိခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် နုံးခွေခြင်းများ ဖြစ်ပွားပါက နီးစပ်ရာဆေးဆိုင်ဆေးခန်းများတွင် ကုသခြင်းမပြုဘဲ ဆေးရုံကြီးသို့ အမြန်ဆုံးလာရောက် စစ်ဆေးကုသရန် ဆရာဝန်များက တိုက်တွန်းထားပြီး အခြားရောဂါအခံရှိသူများအနေဖြင့် ရာသီတုပ်ကွေးရောဂါဖြစ်ပွားပါက အသက်အန္တရာယ်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဇူလိုင်လ (၂၀) ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါ(H1N1) ရောဂါပိုးသံသယရှိသူ (၈၀၇) ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ အတည်ပြုလူနာ (၃၄၁) ဦးရှိခဲ့ပြီး သေဆုံးသူ (၆၄) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ရောဂါဖြစ်ပွားမှုအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး စုစုပေါင်းအတည်ပြုလူတာ (၁၉၀)ဦးအနက် သေဆုံးသူ (၅၁)ဦး၊  ဧရာဝတီတိုင်းဒေသကြီးတွင် ဖြစ်ပွားသူ (၃၂) ဦးအနက် သေဆုံးသူ (၄) ဦး၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသူ (၂၂) ဦး၊ ကချင်ပြည်နယ်တွင် ဖြစ်ပွားသူ (၂၁) ဦးအနက် သေဆုံးသူ (၁) ဦး၊ နေပြည်တော်တွင် ဖြစ်ပွားသူ (၁၈) ဦး၊ မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပွားသူ (၁၃) ဦးအနက် သေဆုံးသူ (၂) ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ဖြစ်ပွားသူ (၁၀) ဦးအနက် သေဆုံးသူ (၁) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပွားသူ (၇) ဦးအနက် သေဆုံးသူ (၃) ဦး၊ မွန်ပြည်နယ်တွင် ဖြစ်ပွားသူ (၆) ဦးအနက် သေဆုံးသူ (၂) ဦး၊ ကရင်ပြည်နယ်တွင် ဖြစ်ပွားသူ (၅) ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားသူ (၄) ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ဖြစ်ပွားသူ (၄) ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဖြစ်ပွားသူ (၄) ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဖြစ်ပွားသူ (၃) ဦး၊ ကယားပြည်နယ်တွင် ဖြစ်ပွားသူ (၄) ဦးရှိကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net