ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ဧပြီ 25, 2023 | 2021 Military Coup| ကယား

 ရှမ်း - ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့က ဖယ်ခုံမြို့နယ်၊ မြောက်စလုံးကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို  ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အမျာအပြားသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၎င်းစစ်ကြောင်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နှင့် ကရင်နီတပ်မတော် KA တပ်ရင်း - ၅ အပါအဝင် ကရင်နီပူး ပေါင်းတပ်တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KnIC ထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းသည် စကခ (၂) လက်အောက်ခံဖြစ်သည့် ရှမ်းပြည်နယ်အခြေစိုက်တပ်များဖြစ်ပြီး အခြေနေအသေးစိတ်ကို မသိရသေးပေ။ 

၎င်းစစ်ကောင်စီတပ်နှင့် ယင်းကျေးရွာအနီးတွင် ဧပြီလ ၂၁ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သေးရာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF Bo- 11 မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရသေးသည်။

 

Photo: KcIC