ကွတ်ခိုင်ဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီး၊ လေယာဉ်ဖြင့် ပစ်ခတ်နေ၍ ဒေသခံအချို့ တိမ်းရှောင်နေရ

Photo: SM(KK)
Photo: SM(KK)
ကွတ်ခိုင်ဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီး၊ လေယာဉ်ဖြင့် ပစ်ခတ်နေ၍ ဒေသခံအချို့ တိမ်းရှောင်နေရ
ဇွန် 2, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်ဝန်းကျင်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့ ညနေပိုင်းမှစ၍ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် ရဟတ်ယာဉ်ပျံဝဲသံများပါ ကြားနေရသဖြင့် မြို့ပေါ်၌ အသွားအလာမရှိသလောက် ရှင်းလင်းသွားပြီး အနီးဝန်းကျင်ကျေးရွာဒေသခံအချို့ တိမ်းရှောင်နေရကြောင်း  သိရသည်။

ညနေပိုင်းတွင် လေယာဉ်ဖြင့် ပစ်ခတ်သံကြားလာရ၍ အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်ကြရခြင်းဖြစ်သည်ဟု သည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ ကွတ်ခိုင်အခြေစိုက်ဗျူဟာဘက်မှနေ၍ ကွတ်ခိုင်မြို့အနီး TNLA နှင့် MNDAA တို့ လှုပ်ရှားနယ်မြေဟုယူဆရသော မန်ဂျတ်နှင့် ခိုလုံရွာကြားသို့ ညနေ (၅) နာရီခွဲဝန်းကျင်တွင် လက်နက်ကြီး (၁၀) ချက်ခန့် ပစ်ခတ်ပြီး လေယာဉ်ဖြင့်ပါ ပစ်ခတ်နေသည်ဟု ဒေသအခြေစိုက်အဖွဲ့တစ်ခုဖြစ်သည့် Voice Of Kutkai - VOK က ဖေါ်ပြထားသည်။