လားရှိုးမြို့သို့ အမှုကိစ္စဖြင့် ရန်ကုန်မှ လာသည့် ရဲတပ်ဖွဲ့ဝင်များအနက် (၁)ဦးတွင် Covid-19 ပိုးတွေ့

လားရှိုးမြို့သို့ အမှုကိစ္စဖြင့် ရန်ကုန်မှ လာသည့် ရဲတပ်ဖွဲ့ဝင်များအနက် (၁)ဦးတွင် Covid-19 ပိုးတွေ့
ဒီဇင်ဘာ 13, 2020
By Tachileik News Agency
လားရှိုးမြို့သို့ အမှုကိစ္စဖြင့် ရန်ကုန်မှ လာသည့် ရဲတပ်ဖွဲ့ဝင်များအနက် (၁)ဦးတွင် Covid-19 ပိုးတွေ့
ရန်ကုန်မြို့မှ လားရှိုးမြို့သို့ အမှုကိစ္စဖြင့် လာရောက်ကြသည့် ရဲဝန်ထမ်း (၇)ဦးအနက်(၁)ဦးတွင် ကိုဗစ်ပိုးတွေ့သဖြင့် ဆက်စပ်သူ စုစုပေါင်း (၄၀)ဦးကို  quarantineထားပြီး ဒီဇင်ဘာ (၁၃)ရက်နေ့ ညနေတွင် test kit ဖြင့် စစ်ဆေးမည်ဟု သိရသည်။
"ရန်ကုန်က လာတာက စုစုပေါင်း ရဲ (၇)ဦး၊ အဲ့ထဲက (၁)ယောက်မှာ ကိုဗစ်ပိုးတွေ့တော့ တိုက်ရိုက်ဆက်စပ်တဲ့ ရဲ (၆)ဦးနဲ့ မြို့မရဲစခန်းက (၁)ဦးကို facility quarantine ထား ထားတယ်၊ ကျန်သူတွေကိုတော့ Home Quarantine အဖြစ်ထားတယ်။ ဒီညနေမှာ စစ်မယ်"ဟု လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးအာကာလင်း က တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။
ဒီဇင်ဘာလ (၉)ရက်နေ့က ရန်ကုန်မှ လားရှိုးသို့လာသည့် ရဲဝန်ထမ်း (၇)ဦးသည် ချက်ချင်း Quarantine မဝင်ပဲ ပြင်ပတွင် တည်းခိုကာ လက်ဖက်ရည်ဆိုင်ကြီး တစ်ဆိုင်နှင့် လားရှိုးမြို့မရဲစခန်းသို့ ဒီဇင်ဘာ (၁၀)ရက်တွင် သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။
"လောလောဆယ်တော့ စခန်းထဲကို လူအဝင်အထွက် မရှိအောင် စိစစ်ထားပါပြီ။ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေလဲ လာပြီး လုပ်စရာရှိတာလုပ်ပေးနေကြပါတယ်။ အဲ့ရဲတွေ သွားလာခဲ့တဲ့ နေရာ တွေကိုလဲ စုံစမ်းနေပါတယ်"ဟု လားရှိုးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ရဲဝန်ထမ်း(၇)ဦးအား ကျန်းမာရေးဌာနက  ကိုဗစ်ပိုးရှိ မရှိ စစ်ဆေးခဲ့ရာ (၁)ဦးတွင် ပိုးတွေ့ခဲ့ပြီး ၎င်းတို့သွားလာခဲ့သော မြို့မရဲစခန်းမှ ရဲမိသားစုဝင် စုစုပေါင်း (၆)ဦး၊ လက်ဖက်ရည်ဆိုင်ကြီး တစ်ဆိုင်မှ ဆိုင်ရှင် (၃)ဦး၊နှင့် ဝန်ထမ်း (၂၅)ဦးတို့ကို  Quarantine အသီးသီး ထားရှိလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ 
ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုးမြို့တွင် Covid-19 ကာလ စတင်ချိန်မှ လက်ရှိအချိန်ထိ ပိုးတွေ့လူနာ(၂၄) ဦး ရှိခဲ့ပြီး၊ ရောဂါအခံရှိသူ (၂)ဦး သေဆုံးကာ (၁၈)ဦးမှာ ရောဂါသက်သာ၍ ဆေးရုံမှဆင်းရပြီ ဖြစ်သည်။
 

Tachileik News Agency

သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~