တရုတ္ႏုိင္ငံမွ အေကာက္ခြန္မဲ့သြင္းလာသည့္ ကုန္ပစၥည္း (၅) မ်ိဳးႏွင့္ မူဆယ္ဘက္သို႔ တရားမဝင္ သယ္လာသည့္ ေက်ာက္စိမ္းတံုးမ်ားကို ဖမ္းဆီးရမိ

တရုတ္ႏုိင္ငံမွ အေကာက္ခြန္မဲ့သြင္းလာသည့္ ကုန္ပစၥည္း (၅) မ်ိဳးႏွင့္ မူဆယ္ဘက္သို႔ တရားမဝင္ သယ္လာသည့္ ေက်ာက္စိမ္းတံုးမ်ားကို ဖမ္းဆီးရမိ
အောက်တိုဘာ 28, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ မူဆယ္မွ မႏၱေလးသို႔ သယ္လာသည့္ အေကာက္ခြန္မဲ့ တရုတ္ႏုိင္ငံထုတ္ပစၥည္းမ်ားႏွင့္ မႏၱေလးမွ မူဆယ္သို႔ တရားမဝင္ သယ္လာသည့္ ေက်ာက္စိမ္းတုိ႔ကို ေအာက္တိုဘာလ(၂၇)ရက္ႏွင့္ (၂၈)ရက္ေန႔မ်ား၌ ဖမ္းမိထားေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံမွ အေကာက္ခြန္မဲ့ တင္သြင္းလာသည့္ပစၥည္းမ်ား သယ္လာသည့္ ေမာ္ေတာ္ယာဥ္ (၂)စီးကို၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂၈)ရက္ေန႔  နံနက္(၁၁)နာရီဝန္းက်င္တြင္ မူဆယ္ဘက္မွ မႏၱေလးဘက္သို႔ ေမာင္းႏွင္လာစဥ္ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းမွ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕က ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေမာ္ေတာ္ယာဥ္(၂)စီးတြင္ တင္လာသည့္ Baby Wipes၊ လက္ဖက္အခ်ိဳေျခာက္ႏွင့္ ဖဲထုပ္ စုစုေပါင္းကုန္ပစၥည္း အမွတ္တံဆိပ္(၅)မ်ိဳးမွာ တရားဝင္ အခြန္ေဆာင္ထားျခင္းမရိွေၾကာင္း စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ေအာက္တိုဘာလ (၂၇)ရက္ေန႔ ေန႔လယ္(၂)နာရီ (၄၅)မိနစ္ဝန္းက်င္က မႏၱေလးမွ မူဆယ္ဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္အား စစ္ေဆးရာ ေရတုိင္ကီႏွင့္ ရွဲၾကားဝွက္၍ သယ္လာသည့္ ေက်ာက္စိမ္းမ်ားကို စစ္ေဆးေတြ႔ရိွထားေၾကာင္း သိရသည္။

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ပံုမွန္စစ္ေဆးေရးစခန္းမ်ားရိွေနၿပီး သိန္းနီၿမိဳ႕နယ္အတြင္း ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္း၌လည္း သက္ဆုိင္ရာဌာနေပါင္းစံုပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးမႈမ်ားလုပ္ေဆာင္ရာ တရုတ္နုိင္ငံသို႔ တရားမဝင္ တင္ပို႔မည့္ပစၥည္းမ်ား၊ တရုတ္ႏုိင္ငံမွ တရားမဝင္တင္သြင္းလာသည့္ ကုန္ပစၥည္းမ်ားကို ေန႔စဥ္နီးပါး ဖမ္းဆီးရမိမႈမ်ားရိွေနျခင္း ျဖစ္သည္။

ေအာက္တိုဘာလ (၂၆)ရက္ေန႔ ည(၈)နာရီဝန္းက်င္ကလည္း မူဆယ္ဘက္မွ မႏၱေလးဘက္သို႔ သယ္ေဆာင္လာသည့္ အေကာက္ခြန္မဲ့ တရုတ္ႏုိင္ငံထုတ္ ကုန္ပစၥည္း (၁၀)မ်ိဳးကို ေရပူစစ္ေဆးေရးစခန္းတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု- အေကာက္ခြန္ဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
တရုတ်နိုင်ငံမှ အကောက်ခွန်မဲ့သွင်းလာသည့် ကုန်ပစ္စည်း (၅) မျိုးနှင့် မူဆယ်ဘက်သို့ တရားမဝင် သယ်လာသည့် ကျောက်စိမ်းတုံးများကို ဖမ်းဆီးရမိ
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် မူဆယ်မှ မန္တလေးသို့ သယ်လာသည့် အကောက်ခွန်မဲ့ တရုတ်နိုင်ငံထုတ်ပစ္စည်းများနှင့် မန္တလေးမှ မူဆယ်သို့ တရားမဝင် သယ်လာသည့် ကျောက်စိမ်းတို့ကို အောက်တိုဘာလ(၂၇)ရက်နှင့် (၂၈)ရက်နေ့များ၌ ဖမ်းမိထားကြောင်း သိရသည်။

တရုတ်နိုင်ငံမှ အကောက်ခွန်မဲ့ တင်သွင်းလာသည့်ပစ္စည်းများ သယ်လာသည့် မော်တော်ယာဉ် (၂)စီးကို၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့  နံနက်(၁၁)နာရီဝန်းကျင်တွင် မူဆယ်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာစဉ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်(၂)စီးတွင် တင်လာသည့် Baby Wipes၊ လက်ဖက်အချိုခြောက်နှင့် ဖဲထုပ် စုစုပေါင်းကုန်ပစ္စည်း အမှတ်တံဆိပ်(၅)မျိုးမှာ တရားဝင် အခွန်ဆောင်ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် အောက်တိုဘာလ (၂၇)ရက်နေ့ နေ့လယ်(၂)နာရီ (၄၅)မိနစ်ဝန်းကျင်က မန္တလေးမှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရာ ရေတိုင်ကီနှင့် ရှဲကြားဝှက်၍ သယ်လာသည့် ကျောက်စိမ်းများကို စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ပုံမှန်စစ်ဆေးရေးစခန်းများရှိနေပြီး သိန်းနီမြို့နယ်အတွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌လည်း သက်ဆိုင်ရာဌာနပေါင်းစုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများလုပ်ဆောင်ရာ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့်ပစ္စည်းများ၊ တရုတ်နိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို နေ့စဉ်နီးပါး ဖမ်းဆီးရမိမှုများရှိနေခြင်း ဖြစ်သည်။

အောက်တိုဘာလ (၂၆)ရက်နေ့ ည(၈)နာရီဝန်းကျင်ကလည်း မူဆယ်ဘက်မှ မန္တလေးဘက်သို့ သယ်ဆောင်လာသည့် အကောက်ခွန်မဲ့ တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်း (၁၀)မျိုးကို ရေပူစစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ- အကောက်ခွန်ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~