ကျောက်မဲ စည်ပင်ဝန်ထမ်း (၆)ဦးကို CDM လုပ်ဆောင်၍ ဟုဆိုကာ ပြည်နယ် စည်ပင်ညွှန်မှူးက တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း စာပို့ထား

ကျောက်မဲ စည်ပင်ဝန်ထမ်း (၆)ဦးကို CDM လုပ်ဆောင်၍ ဟုဆိုကာ ပြည်နယ် စည်ပင်ညွှန်မှူးက တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း စာပို့ထား
ဧပြီ 25, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာန၏ လက်ထောက်အင်ဂျင်နီယာ အပါအဝင် စုစုပေါင်း (၆)ဦး ပြည်သူ့ဘက်က ရပ်တည်ပြီး CDM လုပ်ဆောင်၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက လက်မှတ်ထိုးကာ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်။

ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဒေါ်ပိုပို၊ လက်ထောက်အင်ဂျင်နီယာ - ၂ ဒေါ်နွေနှင်းအေး၊ လက်ထောက်အင်ဂျင်နီယာ - ၂ ဒေါ်ငြိမ်းငြိမ်းအိ၊ လက်ထောက်အင်ဂျင်နီယာ - ၃ ဒေါ်ငြိမ်းငြိမ်းအိ၊ အကြီးတန်းစာရေး ဒေါ်သက်ထားဝင်း နှင့် အကြီးတန်းစာရေး ဒေါ်သီတာအေးတို့သည် တာဝန်မှ ယာယီရပ်ဆိုင်း ခံရခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း၌ ပြည်သူ့ဘက်က ရပ်တည်ကာ CDM လုပ်ဆောင်ထားကြသည့် စည်ပင်ဝန်ထမ်းများကို ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက တာဝန်မှ ယာယီရပ်ဆိုင်းခြင်း ညွှန်ကြားချက်များ ထုတ်ထားကြောင်း နှင့်  ၅၀၅-က ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ စည်ပင်ဝန်ထမ်း(၂)ဦး လည်း အမှုဖွင့်ခံထားရပြီး  နှစ်ဦးအနက် တစ်ဦးမှာဖမ်းဆီးခံထားရကြောင်း သိရသည်။