ကယားပြည်နယ် ဘောလခဲမြို့တွင် မြို့လယ်လမ်းဆုံ မီးပွိုင့်ကို ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တပ်ဆင်ပေးမည်

ကယားပြည်နယ် ဘောလခဲမြို့တွင် မြို့လယ်လမ်းဆုံ မီးပွိုင့်ကို ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တပ်ဆင်ပေးမည်
အောကျတိုဘာ 5, 2018
By Tachileik News Agency

ကယားပြည်နယ်၊ ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက်ရှိ မိုင်တိုင် (၁၃၄/၀ )မိုင် မြို့လယ်လမ်းဆုံတွင် မီးပွိုင့် တပ်ဆင်ပေးရန် တင်ပြချက်အရ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၏ ခရိုင်မြို့ဖြစ်သည့် ဘောလခဲမြို့မှာ ယာဉ်အသွားအလာများပြားလာ၍ မြို့လယ်လမ်း ဆုံတွင် မီးပွိုင့်တပ်ဆင်ရန် လိုအပ်နေပြီဖြစ်သောကြောင့် မီးပွိုင့်တပ်ဆင်ပေးရန် ဘောလခဲမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျင်းပသည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်း တောင်းဆို ခဲ့ခြင်းဖြစ်သည်။

ဘောလခဲခရိုင် ၊ ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက်ရှိ လွိုင်ကော် - မယ်စဲ့ ကားလမ်းနှင့် ရွာသစ်လမ်းဆုံ တံတားဟောင်း မိုင်တိုင်အမှတ် (၁၃၄) လေးလမ်းဆုံတွင် မီးပွိုင့်တပ်ဆင်ခြင်းနှင့် အ.ထ.က ဘောလခဲ စာသင်ကျောင်းရှေ့တွင် မှိတ်တုံ့မီးပွိုင့်တပ်ဆင်ခြင်း၊ လူကူးမျဉ်းကျားရေးဆွဲခြင်းများကို ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေထဲမှ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အောက်တိုဘာလတွင် စတင်မည့် ယခုနှစ်ဘတ်ဂျက်တွင်  အခြေခံလိုအပ်သော အဆောက်အဦများ ဦးစွာတည်ဆောက်၍ နိုဝင်ဘာလအတွင်း မီးပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။



~~~~~~~~⊰❂ unicode ~~~~~~~~


ကယားပြည်နယ်၊ ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက်ရှိ မိုင်တိုင် (၁၃၄/ဝ )မိုင် မြို့လယ်လမ်းဆုံတွင် မီးပွိုင့် တပ်ဆင်ပေးရန် တင်ပြချက်အရ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွဖြေင့် တပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၏ ခရိုင်မြို့ဖြစ်သည့် ဘောလခဲမြို့မှာ ယာဉ်အသွားအလာများပြားလာ၍ မြို့လယ်လမ်း ဆုံတွင် မီးပွိုင့်တပ်ဆင်ရန် လိုအပ်နပြေီဖြစ်သောကြောင့် မီးပွိုင့်တပ်ဆင်ပေးရန် ဘောလခဲမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျင်းပသည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်း တောင်းဆို ခဲ့ခြင်းဖြစ်သည်။

ဘောလခဲခရိုင်၊ ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက်ရှိ လွိုင်ကော် - မယ်စဲ့ ကားလမ်းနှင့် ရွာသစ်လမ်းဆုံ တံတားဟောင်း မိုင်တိုင်အမှတ် (၁၃၄) လေးလမ်းဆုံတွင် မီးပွိုင့်တပ်ဆင်ခြင်းနှင့် အ.ထ.က ဘောလခဲ စာသင်ကျောင်းရှေ့တွင် မှိတ်တုံ့မီးပွိုင့်တပ်ဆင်ခြင်း၊ လူကူးမျဉ်းကျားရေးဆွဲခြင်းများကို ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေထဲမှ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အောက်တိုဘာလတွင် စတင်မည့် ယခုနှစ်ဘတ်ဂျက်တွင် အခြေခံလိုအပ်သော အဆောက်အဦများ ဦးစွာတည်ဆောက်၍ နိုဝင်ဘာလအတွင်း မီးပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ပြန်လည်ဖြကြေားခဲ့ခြင်း ဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~