Covid-19 အခြေအနေကြောင့် (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းနားအနားအား အကျဥ်းချုံး ကျင်းပ

Covid-19 အခြေအနေကြောင့် (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းနားအနားအား အကျဥ်းချုံး ကျင်းပ
ဇန်နဝါရီ 15, 2021 | ကယား

Covid-19 ရောဂါကူးစက်မှုများရှိနေခြင်းကြောင့်  (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့အား ယခင်ကလို လူစုလူဝေးများစွာဖြင့် မကျင်းပတော့ဘဲ   လွိုင်ကော်မြို့ရှိ ကန္ဒာဟေဝန်ပန်းခြံတွင် အကျဥ်းချုံး၍သာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

၂၀၂၁ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျရောက်သည့် (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားအား နှစ်စဥ်စည်ကားစွာ ကျင်းပလေ့ရှိသော်လည်း ကိုဗစ် ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သလို ရောဂါဖြစ်ပွားသူများပါ နေ့စဥ် တိုးနေသည့်အတွက် အကျဥ်းချုံး ၍သာ ကိုဗစ်စည်းကမ်းချက်နှင့်အညီ လူဦးရေ အကန့်အသတ်ဖြင့်သာ ကျင်းပခြင်းဖြစ်ကြောင်း ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စကိုက အခမ်းနားတွင် ပြောသည်။ 

(၆၉)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ တပ်မ​တော် ကာကွယ်ရေးဦးစီးချုပ် နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်ဝန် တို့မှ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။ 

ကယားပြည်နယ်နေ့ အခမ်းအနားအား ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်လွှတ်​တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ နှင့် တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်များ တတ်ရောက်ခဲ့ကြသည်။ 

Tachileik News Agency

သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း

ဆန်းဖြိုးထွန်းသည် Tachileik News Agency ၏ ကယားပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်ဖြစ်သည်။