လားရိႈးတြင္ ဖုန္းအားသြင္းထားရာမွ မီးေလာင္မႈျဖစ္ပြား၍ ေနအိမ္တစ္လံုးဆံုးရံႈး

လားရိႈးတြင္ ဖုန္းအားသြင္းထားရာမွ မီးေလာင္မႈျဖစ္ပြား၍ ေနအိမ္တစ္လံုးဆံုးရံႈး
စက်တင်ဘာ 19, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ အမွတ္(၅)ရပ္ကြက္ရွိ ေနအိမ္တစ္လံုးတြင္ စက္တင္ဘာလ (၁၉) ရက္ေန႔ နံနက္အေစာပိုင္းက ဖုန္းအားသြင္းထားရာမွ မီးေလာင္မႈျဖစ္ပြားသျဖင့္ ေနအိမ္တစ္လံုး မီးေလာင္ဆံုးရံႈးသြားေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕၊ ရပ္ကြက္(၅)၊ နယ္ေျမ(၂၀) ရြာလယ္လမ္းရွိ ဦးေလာက်င္းဝင္၏ ေနအိမ္တြင္ စက္တင္ဘာလ (၁၉)ရက္ေန႔ နံနက္ (၁)နာရီ (၄၅) မိနစ္ခန္႔က ဘီဒိုေပၚတင္၍ အားသြင္းထားသည့္ဖုန္း အပူလြန္ကဲရာမွ တစ္ဆင့္ မီးေလာင္မႈစတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ မီးသတ္တပ္ဖြဲ႕က နာရီဝက္ခန္႔မီးၿငိမ္းသတ္ႏုိင္ခဲ့ကာ အျခားေနအိမ္မ်ားသို႔ ကူးစက္ေလာင္ကၽြမ္းျခင္းမရိွဘဲ (၃၀×၂၀ ေပ) သြပ္မိုး၊ အုတ္နံကပ္ကာ၊ ကြန္ကရစ္ခင္း (၁)ထပ္ေနအိမ္တစ္လံုး မီးေလာင္ဆံုးရံႈးသြားေၾကာင္း သိရသည္။

အဆိုပါမီးေလာင္မႈႏွင့္ပတ္သက္၍  ေနအိမ္ပိုင္ရွင္ ဦးေလာက်င္းဝင္အား လားရိႈးၿမိဳ႕မရဲစခန္းတြင္ (ပ)၄၂၇/ ၂၀၁၈ ၊ ပုဒ္မ-၂၈၅ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - မီးသတ္တပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးတွင် ဖုန်းအားသွင်းထားရာမှ မီးလောင်မှုဖြစ်ပွား၍ နေအိမ်တစ်လုံးဆုံးရှုံး
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၅)ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် စက်တင်ဘာလ (၁၉) ရက်နေ့ နံနက်အစောပိုင်းက ဖုန်းအားသွင်းထားရာမှ မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ်မြေ(၂၀) ရွာလယ်လမ်းရှိ ဦးလောကျင်းဝင်၏ နေအိမ်တွင် စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် (၁)နာရီ (၄၅) မိနစ်ခန့်က ဘီဒိုပေါ်တင်၍ အားသွင်းထားသည့်ဖုန်း အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့က နာရီဝက်ခန့်မီးငြိမ်းသတ်နိုင်ခဲ့ကာ အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ (၃၀×၂၀ ပေ) သွပ်မိုး၊ အုတ်နံကပ်ကာ၊ ကွန်ကရစ်ခင်း (၁)ထပ်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍  နေအိမ်ပိုင်ရှင် ဦးလောကျင်းဝင်အား လားရှိုးမြို့မရဲစခန်းတွင် (ပ)၄၂၇/ ၂၀၁၈ ၊ ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - မီးသတ်တပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~