ကျောက်မဲမြို့တွင် စာရေးတံ သပိတ်လောင်းလှူပွဲ၌ လူစုလူဝေး မဖြစ်ပေါ်စေရန် အာရုဏ်တော်အသင်းများက ကျင်းပ

ကျောက်မဲမြို့တွင် စာရေးတံ သပိတ်လောင်းလှူပွဲ၌ လူစုလူဝေး မဖြစ်ပေါ်စေရန် အာရုဏ်တော်အသင်းများက ကျင်းပ
နိုဝင်ဘာ 2, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင်  စာရေးတံ သပိတ်လောင်းလှူပွဲ၌ လူစုလူဝေး မဖြစ်ပေါ်စေရန် အာရုဏ်တော်အသင်းများကကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ခရိုင်သာသနာရေးဦးစီးဌာနက သီးသန့် ညွှန်ကြားချက် မထုတ်ထားသော်လည်း Covid-19 ကာလဖြစ်နေသည့်အတွက် ကျောက်မဲရှိ စာရေးတံ သပိတ်လောင်းလှူပွဲများတွင် လူစုလူဝေး မဖြစ်ပေါ်စေရန် အာရုဏ်တော် အသင်းများက ကိုယ်စား သပိတ်လောင်းလှူပေးနေကြောင်း သိရသည်။
"သာသနာရေးဆိုင်ရာ အခမ်းအနားတွေ လုပ်ကြတဲ့အခါ လူစုလူဝေး မဖြစ်ပေါ်စေဖို့ အတွက်ရယ်၊ ရဟန်းသံဃာတွေ မဖြစ်မနေ ရပ်ဝေး ခရီးသွားလာတဲ့အခါ Covid ကော်မတီနဲ့ အုပ်ချုပ်ရေးတွေဆီက ထောက်ခံချက် ယူသွားဖို့ပဲ ညွှန်ကြားထားပါတယ်။ သီတင်းကျွတ် ကာလ သပိတ်လောင်းပွဲတွေအတွက် သီးသန့် ညွှန်ကြားချက်မထုတ်ထားပါဘူး။ မြို့ပေါ်က အာရုဏ်တော်အသင်းတွေက သူတို့ အစီအစဥ်နဲ့ပဲ လူစု လူဝေး မဖြစ်အောင် ထိန်းသိမ်းပြီး သပိတ်လောင်းကြတာ ဖြစ်ပါတယ်"ဟု သာသနာရေးဦးစီးဌာနမှ ကျောက်မဲခရိုင်ဦးစီးမှူး ဦးသန်းဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲတွင် နှစ်စဥ် သပိတ်လောင်းလှူပွဲ ပြုလုပ်နေကြသည့် အသင်းများက ယခင်နှစ်များကဲ့သို့ စာရေးတံသပိတ်လောင်းလှူပွဲကို အလှူရှင်များ ကိုယ်တိုင် မတက်ရောက်စေဘဲ သက်ဆိုင်သည့် အာရုဏ်တော် အသင်းသား အနည်းငယ်ဖြင့်သာ သပိတ်လောင်းလှူနေကြခြင်း ဖြစ်သည်။
သီတင်းကျွတ် လပြည့်ကျော် (၂)ရက်နေ့ဖြစ်သည့် နိုဝင်ဘာ (၂)ရက်နေ့တွင် ကျောက်မဲမြို့၊ အမှတ် (၂)ရပ်ကွက်၊ ရန်ကင်းရပ်ရှိ မဟာရန်အောင်မြင်စေတီတော်၏ (၄၄)ကြိမ်မြောက် သံဃာ့ဒါန စာရေးတံ သပိတ်လောင်းလှူပွဲ တွင်လည်း ကျပ် (၅၈)သိန်းကျော် တန်ဖိုးရှိ လှူဖွယ် ပစ္စည်းများကို အာရုဏ်တော် အသင်းမှ လူအနည်းငယ်ဖြင့် လောင်းလှူပေးခဲ့ကြသည်။
 
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~