ဓႏုတုိင္းရင္းသားေရးရာအဖြဲ႔ခ်ဳပ္ ဗဟိုေကာ္မတီ ပင္းတယၿမိဳ႕တြင္ ဖြဲ႔စည္း

ဓႏုတုိင္းရင္းသားေရးရာအဖြဲ႔ခ်ဳပ္ ဗဟိုေကာ္မတီ ပင္းတယၿမိဳ႕တြင္ ဖြဲ႔စည္း
စက်တင်ဘာ 8, 2018
By Tachileik News Agency

ဓႏုတုိင္းရင္းသားေရးရာ အဖြဲ႔ခ်ဳပ္ကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၅)ရက္ေန႔က ရွမ္းျပည္နယ္(ေတာင္ပိုင္း) ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္းတယၿမိဳ႕တြင္ ဖြဲ႔စည္းလုိက္ၿပီး ၿမိဳ႕နယ္(၈)ခု၌ အလုပ္အမႈေဆာင္အဖြဲ႕ဝင္ (၁၁)ဦးစီ ပါဝင္သည့္အဖြဲ႕မ်ား ဖြဲ႕စည္းလုိက္ေၾကာင္း သိရသည္။

ဓႏုတိုင္းရင္းသားေရးရာ အဖြဲ႕ခ်ဳပ္ ဖြဲ႕စည္းေရးအတြက္ ဦးေဆာင္ေကာ္မတီကို  ပင္းတယၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာလ(၂၆)ရက္ႏွင့္ (၂၇)ရက္ေန႔တို႔က က်င္းပခဲ့သည့္ ပထမအႀကိမ္ ဓႏုအမ်ဳိးသားညီလာခံ၌ ဖဲြ႕စည္းႏုိင္ခဲ့ျခင္းျဖစ္ၿပီး ဖြဲ႕စည္းပံု အျပည့္အစံုျဖင့္ ဓႏုတိုင္းရင္းသားေရးရာအဖြဲ႕မ်ားကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၅)ရက္ေန႔က ဖြဲ႕စည္းလုိက္ျခင္းျဖစ္သည္။

 “အခုက အဖြဲ႕အစည္းအေနနဲ႔ တရားဝင္ လုပ္ေဆာင္သြားေတာ့မွာေပါ့။ တစ္မ်ိဳးသားလံုးရဲ႕ အက်ိဳးစီးပြား တိုးတက္ရာ တိုးတက္ေၾကာင္းေတြကို လုပ္သြားမွာပါ။ စာေပယဥ္ေက်းမႈ၊ စီးပြားေရး၊ အမ်ိဳးသားႏုိင္ငံေရးနဲ႔ လူမႈဖြံ႕ၿဖိဳးေရးဆိုတဲ့က႑ (၄)ရပ္နဲ႔ သူ႔က႑အလိုက္ တိုးတက္ေအာင္ လုပ္ၾကမွာပါ”ဟု ဓႏုတုိင္းရင္းသားေရးရာ အဖြဲ႔ခ်ဳပ္ ဒုတိယဥကၠဌ ဦးေနမ်ိဳးေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ စက္တင္ဘာလ(၈)ရက္ေန႔တြင္ ေျပာသည္။

ဓႏုတုိင္းရင္းသားေရးရ ာအဖြဲ႕မ်ားကို ၿမိဳ႕နယ္အလိုက္ နာယက(၂)ဦး၊ ဥကၠဌ၊ အေထြေထြအတြင္းေရးမွဴး၊ က႑ႀကီး(၄)ရပ္အတြက္ (၄)ဦး၊ စာရင္းစစ္၊ ဘ႑ာေရး၊ ျပန္ၾကားေရး စုစုေပါင္း(၁၁)ဦးစီ ပါဝင္သည့္ အဖြဲ႕မ်ား ဖြဲ႔စည္းမည္ျဖစ္ေသာ္လည္း အခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ အမ်ိဳးသားႏိုင္ငံေရး က႑ ပါဝင္ဖြဲ႕စည္းမည္ မဟုတ္ေၾကာင္း သိရၿပီး လူငယ္မ်ားႏွင့္ အမ်ိဳးသမီးမ်ား ပါဝင္လာေရးကိုပါ မူေဘာင္ခ်ထားေၾကာင္း သိရသည္။

“လူငယ္ေတြကို ေနရာအေတာ္မ်ားမ်ားမွာ တြဲေခၚဖို႔ လူငယ္အခန္းက႑ ျမႇင့္တင္ေပးဖို႔ လုပ္သြားမွာပါ။ အမ်ိဳးသမီး ပါဝင္မႈကေတာ့ နည္းေနေသးတယ္။ ပင္းတယမွာဆို အဖြဲ႕ဝင္(၉)ေယာက္မွာ အမ်ိဳးသမီးက (၁)ေယာက္ပဲပါတယ္။ က်န္တဲ့ၿမိဳ႕နယ္ေတြမွာေတာ့ (၂)ေယာက္၊ (၃)ေယာက္ပါတာေတာ့ ေတြ႔တယ္။ အမ်ိဳးသားေတြခ်ည္းလည္း ဖြဲ႔လို႔ မရဘူး။ အမ်ိဳးသမီးက႑လည္း ေနရာေပးရမွာျဖစ္သလို လူငယ္က႑ အတြက္လည္း ေနရာေပးသင့္တယ္လို႔ မူေဘာင္ေတာ့ ခ်ထားပါတယ္”ဟု ဓႏုတုိင္းရင္းသားေရးရာအဖြဲ႔ခ်ဳပ္ ဒုတိယဥကၠဌ ဦးေနမ်ိဳးေက်ာ္က ေျပာသည္။

အဆိုပါအဖြဲ႕မ်ားကို ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္းတယႏွင့္ ရြာငံၿမိဳ႕နယ္မ်ားအျပင္ ေတာင္ႀကီး၊ ကေလာ၊ ရပ္ေစာက္၊ ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ ရန္ကုန္တုိ႔တြင္ အသီးသီး ဖြဲ႕စည္းလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - စိုင္းလူေခး


~~~~~~~~⊰❂ unicode ~~~~~~~~

ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ဖွဲ့စည်းလိုက်ပြီး မြို့နယ်(၈)ခု၌ အလုပ်အမှုဆောင်အဖွဲ့ဝင် (၁၁)ဦးစီ ပါဝင်သည့်အဖွဲ့များ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ် ဖွဲ့စည်းရေးအတွက် ဦးဆောင်ကော်မတီကို ပင်းတယမြို့တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နှင့် (၂၇)ရက်နေ့တို့က ကျင်းပခဲ့သည့် ပထမအကြိမ် ဓနုအမျိုးသားညီလာခံ၌ ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံ အပြည့်အစုံဖြင့် ဓနုတိုင်းရင်းသားရေးရာအဖွဲ့များကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

 “အခုက အဖွဲ့အစည်းအနေနဲ့ တရားဝင် လုပ်ဆောင်သွားတော့မှာပေါ့။ တစ်မျိုးသားလုံးရဲ့ အကျိုးစီးပွား တိုးတက်ရာ တိုးတက်ကြောင်းတွေကို လုပ်သွားမှာပါ။ စာပေယဉ်ကျေးမှု၊ စီးပွားရေး၊ အမျိုးသားနိုင်ငံရေးနဲ့ လူမှုဖွံ့ဖြိုးရေးဆိုတဲ့ကဏ္ဍ (၄)ရပ်နဲ့ သူ့ကဏ္ဍအလိုက် တိုးတက်အောင် လုပ်ကြမှာပါ”ဟု ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးနေမျိုးကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၈)ရက်နေ့တွင် ပြောသည်။

ဓနုတိုင်းရင်းသားရေးရာအဖွဲ့များကို မြို့နယ်အလိုက် နာယက(၂)ဦး၊ ဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး၊ ကဏ္ဍကြီး(၄)ရပ်အတွက် (၄)ဦး၊ စာရင်းစစ်၊ ဘဏ္ဍာရေး၊ ပြန်ကြားရေး စုစုပေါင်း(၁၁)ဦးစီ ပါဝင်သည့် အဖွဲ့များ ဖွဲ့စည်းမည်ဖြစ်သော်လည်း အချို့မြို့နယ်များတွင် အမျိုးသားနိုင်ငံရေး ကဏ္ဍ ပါဝင်ဖွဲ့စည်းမည် မဟုတ်ကြောင်း သိရပြီး လူငယ်များနှင့် အမျိုးသမီးများ ပါဝင်လာရေးကိုပါ မူဘောင်ချထားကြောင်း သိရသည်။

“လူငယ်တွေကို နေရာအတော်များများမှာ တွဲခေါ်ဖို့ လူငယ်အခန်းကဏ္ဍ မြှင့်တင်ပေးဖို့ လုပ်သွားမှာပါ။ အမျိုးသမီး ပါဝင်မှုကတော့ နည်းနေသေးတယ်။ ပင်းတယမှာဆို အဖွဲ့ဝင်(၉)ယောက်မှာ အမျိုးသမီးက (၁)ယောက်ပဲပါတယ်။ ကျန်တဲ့မြို့နယ်တွေမှာတော့ (၂)ယောက်၊ (၃)ယောက်ပါတာတော့ တွေ့တယ်။ အမျိုးသားတွေချည်းလည်း ဖွဲ့လို့ မရဘူး။ အမျိုးသမီးကဏ္ဍလည်း နေရာပေးရမှာဖြစ်သလို လူငယ်ကဏ္ဍ အတွက်လည်း နေရာပေးသင့်တယ်လို့ မူဘောင်တော့ ချထားပါတယ်”ဟု ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးနေမျိုးကျော်က ပြောသည်။

အဆိုပါအဖွဲ့များကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယနှင့် ရွာငံမြို့နယ်များအပြင် တောင်ကြီး၊ ကလော၊ ရပ်စောက်၊ နောင်ချို၊ ကျောက်မဲ၊ ရန်ကုန်တို့တွင် အသီးသီး ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - စိုင်းလူခေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~