ဟဲဟိုးႏွင့္ မယ္ဖါးလံုေလေၾကာင္းခရီးစဥ္ပ်ံသန္းရန္ ထုိင္းႏုိင္ငံက ႀကိဳးပမ္းေန

ဟဲဟိုးႏွင့္ မယ္ဖါးလံုေလေၾကာင္းခရီးစဥ္ပ်ံသန္းရန္ ထုိင္းႏုိင္ငံက ႀကိဳးပမ္းေန
ဧပြီ 29, 2019
By 🌸

ထုိင္းနုိင္ငံ၊ ခ်င္းရိုင္းခရိုင္ မယ္ဖါးလံုႏွင့္ ျမန္မာႏုိင္ငံ၊ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဟဲဟိုးၾကားပ်ံသန္းမည့္ ေလေၾကာင္းခရီးစဥ္သစ္ကို စီစဥ္ေနေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၈)ရက္ေန႔တြင္ ထုိင္းကုန္သည္မ်ားအသင္း ဒုဥကၠဌက ထုတ္ေဖၚေျပာၾကားလုိက္ေၾကာင္း ထုိင္းသတင္းမ်ားတြင္ ေဖၚျပထားသည္။

ခ်င္းရိုင္းခရိုင္၏ ခရီးသြားလုပ္ငန္းႏွင့္ ကုန္သြယ္ေရးတိုးျမႇင့္နုိင္ေရးအတြက္ ခ်င္းရိုင္းခရိုင္ရိွ မယ့္ဖါးလံုႏုိင္ငံတကာေလဆိပ္မွ တရုတ္၊ လာအိုႏွင့္ ျမန္မာႏုိင္ငံတို႔ၾကား ေလေၾကာင္းခရီးစဥ္မ်ား တုိးခ်ဲ႕ပ်ံသန္းျခင္းကို ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ထုိင္းထုတ္ကုန္မ်ား၏ အဓိကေစ်းကြက္တစ္ခုလည္းျဖစ္သည့္ ျမန္မာႏုိင္ငံမွ ရွမ္းျပည္နယ္ႏွင့္ တုိက္ရိုက ေလေၾကာင္းပ်ံသန္းျခင္းျဖင့္ ထုိင္းႏုိင္ငံသို႔ လာေရာက္ေဆးကုသမႈအပါအဝင္ ကုန္သြယ္ေရးႏွင့္ ခရီးသြားမ်ား တိုးျမႇင့္လိုက္ျခင္းျဖင့္ ခ်င္းရိုင္းေဒသ၏စီးပြားေရးဖြံ႕ၿဖိဳးမႈကို အေထာက္အကူျပဳေစရန္ ရည္ရြယ္ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္ႏွင့္ ေလေၾကာင္းပ်ံသန္းေရးအတြက္ ကနဦးေလ့လာခ်က္မ်ားအရ ေလေၾကာင္းခရီးစဥ္ကို တာခ်ီလိတ္ေလဆိပ္သို႔ ေျပးဆြဲပ်ံသန္းျခင္းထက္ ေတာင္ႀကီးၿမိဳ႕ရိွ ဟဲဟိုးေလဆိပ္သို႔ ေျပးဆြဲပ်ံသန္းျခင္းက ပိုမိုသင့္ေတာ္သျဖင့္ မယ့္ဖါးလံုႏွင့္ ဟဲဟိုးေလေၾကာင္းခရီးစဥ္ေျပးဆြဲရန္ စီစဥ္ျခင္းျဖစ္ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္တြင္းမွ အမ်ားစုမွာ ထုိင္းႏုိင္ငံ ခ်င္းရိုင္းခရိုင္သို႔ လာေရာက္ေဆးကုသမႈခံယူၾကသည့္အျပင္ ခ်င္းရိုင္းနယ္စပ္မွေန၍ အိမ္နီးခ်င္းႏိုင္ငံသို႔ စားေသာက္ကုန္အပါအဝင္ ကုန္စည္တင္ပို႔မႈမွာ လ်ာထားပမာဏထက္ ေက်ာ္လြန္တင္ပို႔ေနရသည့္အတြက္ ခ်င္းရိုင္းေဒသမွ နယ္စပ္ျဖတ္ေက်ာ္ ကုန္စည္တင္ပို႔ႏုိင္မည့္လမ္းေၾကာင္းမ်ားကို တိုးခ်ဲ႕ရန္ရွာေဖြရာ တရုတ္ႏုိင္ငံအထိပါ တုိက္ရိုက္တင္ပို႔ႏုိင္မည့္ မယ္ေခါင္ျမစ္ေၾကာင္းမွ တင္ပို႔ႏုိင္ရန္လည္း ပါဝင္ေၾကာင္းသိရသည္။
ထိုင္းႏုိင္ငံက ခ်င္းရိုိင္းခရိုင္ႏွင့္ ရွမ္းျပည္နယ္ၾကား ေလေၾကာင္းခရီးစဥ္ ပ်ံသန္းေရးအတြက္ ကနဦးေလ့လာမႈမ်ား လုပ္ေဆာင္ထားၿပီးျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏုိင္ငံတြင္ ျပည္တြင္းေလဆိပ္ (၃၁) ခုရွိသည့္အနက္ ခရီးသြားက႑ဖြံ့ျဖိုးေရးအတြက္ အဆင့္ျမႇင့္တင္မည့္ေလဆိပ္မ်ားအနက္ လက္ရိွတင္ဒါေခၚယူၿပီး ေလဆိပ္ (၃)ခုတြင္ ဟဲဟိုးေလဆိပ္ပါဝင္ၿပီး KBZ Group ကုမၸဏီက ဂ်ပန္ကုမၸဏီ ျဖစ္သည္ ့fh Toyota Tsusho ကုမၸဏီႏွင့္ ပူးေပါင္းအေကာင္အထည္ေဖၚခြင့္ ရရိွထားျခင္းျဖစ္သည္။
Ref: 77 kaoded

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဟဲဟိုးနှင့် မယ်ဖါးလုံလေကြောင်းခရီးစဉ်ပျံသန်းရန် ထိုင်းနိုင်ငံက ကြိုးပမ်းနေ
****************
ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင် မယ်ဖါးလုံနှင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးကြားပျံသန်းမည့် လေကြောင်းခရီးစဉ်သစ်ကို စီစဉ်နေကြောင်း ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့တွင် ထိုင်းကုန်သည်များအသင်း ဒုဥက္ကဌက ထုတ်ဖေါ်ပြောကြားလိုက်ကြောင်း ထိုင်းသတင်းများတွင် ဖေါ်ပြထားသည်။

ချင်းရိုင်းခရိုင်၏ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးတိုးမြှင့်နိုင်ရေးအတွက် ချင်းရိုင်းခရိုင်ရှိ မယ့်ဖါးလုံနိုင်ငံတကာလေဆိပ်မှ တရုတ်၊ လာအိုနှင့် မြန်မာနိုင်ငံတို့ကြား လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းခြင်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းထုတ်ကုန်များ၏ အဓိကဈေးကွက်တစ်ခုလည်းဖြစ်သည့် မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်နှင့် တိုက်ရိုက လေကြောင်းပျံသန်းခြင်းဖြင့် ထိုင်းနိုင်ငံသို့ လာရောက်ဆေးကုသမှုအပါအဝင် ကုန်သွယ်ရေးနှင့် ခရီးသွားများ တိုးမြှင့်လိုက်ခြင်းဖြင့် ချင်းရိုင်းဒေသ၏စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုစေရန် ရည်ရွယ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်နှင့် လေကြောင်းပျံသန်းရေးအတွက် ကနဦးလေ့လာချက်များအရ လေကြောင်းခရီးစဉ်ကို တာချီလိတ်လေဆိပ်သို့ ပြေးဆွဲပျံသန်းခြင်းထက် တောင်ကြီးမြို့ရှိ ဟဲဟိုးလေဆိပ်သို့ ပြေးဆွဲပျံသန်းခြင်းက ပိုမိုသင့်တော်သဖြင့် မယ့်ဖါးလုံနှင့် ဟဲဟိုးလေကြောင်းခရီးစဉ်ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင်းမှ အများစုမှာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်သို့ လာရောက်ဆေးကုသမှုခံယူကြသည့်အပြင် ချင်းရိုင်းနယ်စပ်မှနေ၍ အိမ်နီးချင်းနိုင်ငံသို့ စားသောက်ကုန်အပါအဝင် ကုန်စည်တင်ပို့မှုမှာ လျာထားပမာဏထက် ကျော်လွန်တင်ပို့နေရသည့်အတွက် ချင်းရိုင်းဒေသမှ နယ်စပ်ဖြတ်ကျော် ကုန်စည်တင်ပို့နိုင်မည့်လမ်းကြောင်းများကို တိုးချဲ့ရန်ရှာဖွေရာ တရုတ်နိုင်ငံအထိပါ တိုက်ရိုက်တင်ပို့နိုင်မည့် မယ်ခေါင်မြစ်ကြောင်းမှ တင်ပို့နိုင်ရန်လည်း ပါဝင်ကြောင်းသိရသည်။

ထိုင်းနိုင်ငံက ချင်းရိုင်းခရိုင်နှင့် ရှမ်းပြည်နယ်ကြား လေကြောင်းခရီးစဉ် ပျံသန်းရေးအတွက် ကနဦးလေ့လာမှုများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းလေဆိပ် (၃၁) ခုရှိသည့်အနက် ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးအတွက် အဆင့်မြှင့်တင်မည့်လေဆိပ်များအနက် လက်ရှိတင်ဒါခေါ်ယူပြီး လေဆိပ် (၃)ခုတွင် ဟဲဟိုးလေဆိပ်ပါဝင်ပြီး KBZ Group ကုမ္ပဏီက ဂျပန်ကုမ္ပဏီ ဖြစ်သည့်fh Toyota Tsusho ကုမ္ပဏီနှင့် ပူးပေါင်းအကောင်အထည်ဖေါ်ခွင့် ရရှိထားခြင်းဖြစ်သည်။

Ref: 77 kaoded

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net