လွိုင်ကော် - ရှားတောလမ်းကို ၂၀၁၈ စက်တင်ဘာလကုန်ထိ အချိန်ပိုင်းပိတ်၍ ပြင်ဆင်ရမည်

လွိုင်ကော် - ရှားတောလမ်းကို ၂၀၁၈ စက်တင်ဘာလကုန်ထိ အချိန်ပိုင်းပိတ်၍ ပြင်ဆင်ရမည်
သွဂုတျ 26, 2018
By Tachileik News Agency


အဆိုပါ လမ်းပိုင်းရှိ တောင်တက်လမ်းမှာ ကျဉ်းမြောင်းနေသောကြောင့် လမ်းချဲ့ခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်ရာတွင် တောင်ကို မိုင်းခွဲရသည့် လုပ်ငန်းစဉ်များပါသဖြင့် လမ်းပိတ်၍ ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်း ပိတ်ဆို့ပြင်ဆင်နေသည့် တစ်လနီးပါးကာလအတွင်း လွိုင်ကော်နှင့် ရှားတော ကူးသန်း သွားလာသူများ အနေဖြင့် ခရီးလမ်းနှောင့်နှေးမှုများဖြစ်နေရာ လွိုင်ကော် - ရှားတော ခရီးသည်တင် လိုင်းကားများနှင့် ရှားတောသို့ ဆိုင်ကယ်ဖြင့် ဈေးလာရောင်းသည့်ဈေးသည်များ ရပ်နားထားကြကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - အေးမွန်



~~~~~~~~⊰❂ unicode ~~~~~~~~


လွိုင်ကော် - ရှားတောလမ်းပိုင်းတွင် ယာဉ်သွားလာရန် အခက်ခဲဆုံး လမ်းပိုင်းဖြစ်သည့် စစ်ဝင်တောင်လမ်း တိုးချဲ့ခြင်းကို ဇူလိုင်လ (၂၂) ရက်နေ့မှစ၍ လုပ်ဆောင်နေရာ စက်တင်ဘာလ (၃၀) ရက်နေ့အထိ နေ့စဉ် နံနက်(၁၀)နာရီမှ ညနေ(၃)နာရီအထိ ဖြတ်သန်းသွားလာခွင့်ပိတ်၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပို်င်းရှိ တောင်တက်လမ်းမှာ ကျဉ်းမြောင်းနေသောကြောင့် လမ်းချဲ့ခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်ရာတွင် တောင်ကို မိုင်းခွဲရသည့် လုပ်ငန်းစဉ်များပါသဖြင့် လမ်းပိတ်၍ ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်း ပိတ်ဆို့ပြင်ဆင်နေသည့် တစ်လနီးပါးကာလအတွင်း လွိုင်ကော်နှင့် ရှားတော ကူးသန်း သွားလာသူများ အနဖြေင့် ခရီးလမ်းနှောင့်နှေးမှုများဖြစ်နေရာ လွိုင်ကော် - ရှားတော ခရီးသည်တင် လိုင်းကားများနှင့် ရှားတောသို့ ဆိုင်ကယ်ဖြင့် ဈေးလာရောင်းသည့်ဈေးသည်များ ရပ်နားထားကြကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - အေးမွန်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~