တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားသည့် ဒီးမော့ဆို PDF တပ်ဖွဲ့ဝင် ရဲဘော် စောမူဒေး ၏ ဈာပန

Photo: DMO-PDF 
Photo: DMO-PDF 
တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားသည့် ဒီးမော့ဆို PDF တပ်ဖွဲ့ဝင် ရဲဘော် စောမူဒေး ၏ ဈာပန
ဖေဖော်ဝါရီ 19, 2022 | ကယား

တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားသည့် ဒီးမော့ဆို PDF ရဲဘော် စောမူဒေး ၏ ဈာပန

* * * * *

ရှမ်း - ကရင်နီ(ကယား)နယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့၊ ဝီသဲကူး(မြောက်ရွာ)သို့ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲများနှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ  ဖေဖော်ဝါရီလ (၁၈)ရက်က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သည့် ဒီးမေ့းဆို PDF မှ ရဲဘော်မောင်စောမူဒေး၏ ဈာပနကို ယနေ့ဖေဖော်ဝါရီလ (၁၉)ရက်နေ့၏ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်နှင့် သံချပ်ကာ အမြှောက်ကားတို့ကြောင့် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) လက်အောက်ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် (၁၁၀၂)တပ်ရင်း၊ ပြည်သူ့ကာကွယ် ရေးတပ်-ဒီးမော့ဆို (DMO-PDF)တပ်ဖွဲ့ဝင်  အသက်(၁၈)နှစ်အရွယ် ရဲဘော် မောင်စောမူဒေးသည် တိုင်းပြည်အတွက် အသက်ပေး ကာကွယ်သွားခဲ့သည်။

DMO-PDF တပ်ဖွဲ့သည် ရဲဘော်၏ ကျန်ရစ်သူ မိသားစုနှင့်အတူ ဝမ်းနည်းကြေကွဲရပြီး ဖယ်ဒရယ်ဒီမိုကရေစီသူရဲကောင်း ရဲဘော်မောင်စောမူဒေးကို  အလေးနီပြုသည်ဟု ထုတ်ပြန်ထားသည်။