ကယား(ကရင်နီ)ပြည်နယ်တွင် Covid-19 အတည်ပြုလူနာ (၁၂)ဦး ထပ်တိုး

ကယား(ကရင်နီ)ပြည်နယ်တွင် Covid-19 အတည်ပြုလူနာ (၁၂)ဦး ထပ်တိုး
ဇူလိုင် 16, 2021 | Covid-19| ကယား

ကယား (ကရင်နီ)ပြည်နယ်  လွိုင်ကော်မြို့နှင့် ဘောလခဲမြို့တို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ စစ်ဆေးချက်အရ Covid-19 ပိုးတွေ့ရှိသူ အတည်ပြုလူနာ (၁၂)ဦးထပ်မံတွေ့ရှိကြောင်း သိရသည်။ 

လွိုင်ကော်မြို့နှင့် ဘောလခဲမြို့မှ Covid-19 သံသယရှိသူ (၅၄)ဦးအား RTD ဖြင့် စစ်ဆေးပေးခဲ့ပြီး လွိုင်ကော်မြို့တွင် (၉)ဦး ပိုးတွေ့ရှိကာ ဘေလခဲမြို့တွင် (၃)ဦး တို့တွင် ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

လွိုင်ကော်မြို့တွင် အိမ်တွင်းမှုသင်တန်းကျောင်းတွင် အသွားလာကန့်သက်ထားသော အသက် ( ၆) နှစ်အရွယ်ကလေး အပါအဝင်( ၄)ဦး၊ Kan Tar Yar Hotel တွင်အသွားလာကန့်သတ်ထားသူများထဲမှ (၆)နှစ်အရွယ် ကလေး(၁)ဦး ၊  သူနာပြုသင်တန်းကျောင်း Quarantine Center မှ အမျိုးသမီး(၂)ဦး ၊ ဧက ၅၀၀မှ အမျိုးသမီး ( ၁)ဦး နှင့်  ဒီမော့ဆိုမြို့မှ အမျိုးသား(၁)ဦးတို့တွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်ပြီး ဘောလခဲတွင် ပိုးတွေ့ရှိသူနှင့် ထိတွေ့ဖူးသူများထဲမှ (၃) ဦးတို့တွင် Covid-19 ပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ကယားပြည်နယ်တွင် Covid-19 ပိုးတွေ့ရှိသူများမှာ ဇူလိုင်လ ၁၆ ရက်နေ့ထိ လွိုင်ကော်မြို့တွင်  ( ၁၃၂)ဦး၊ ဖရူဆိုမြို့တွင် ( ၅) ဦး၊ ဘောလခဲမြို့တွင် ( ၁၁ )ဦး၊ ဖားဆောင်းမြို့တွင်( ၁)ဦး တို့ဖြစ်ပြီး တစ်ပြည်နယ်လုံးတွင် စုစုပေါင်း ပိုးတွေ့ရှိသူ (၁၄၉)ဦးထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ (၄)ဦးရှိပြီဖြစ်ကြောင်း သိရသည်။