လွယ်ဆန်ငံတောင်ကြောတွင် ဆိတ်များသွားရှာသူနှစ်ဦး မိုင်းနင်းမိ၍ တစ်ဦးသေ

လွယ်ဆန်ငံတောင်ကြောတွင် ဆိတ်များသွားရှာသူနှစ်ဦး မိုင်းနင်းမိ၍ တစ်ဦးသေ
 
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကွန်ဟောက်တောင်ကျေးရွာအနီး လွယ်ဆန်ငံ တောင်ကြော ပေါ်တွင် ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက်က ဒေသခံအမျိုးသားနှစ်ဦး မိုင်းနင်းမိ၍ တစ်ဦးနေရာတွင် သေဆုံးကာ တစ်ဦး ဒါဏ်ရာ ရရှိသွားကြောင်း သိရသည်။

မိုင်းနင်းမိတာက ရွာသားနှစ်ယောက်ပေါ့။ တစ်ယောက်က သေဆုံးသွားတယ်။ တစ်ယောက်ကတော့ ညာဖက်ပေါင် ဒဏ်ရာရထားပါတယ်။ လောလောဆယ် သီပေါဆေးရုံမှာ တင်ထားဖို့ ပြင်ဆင်နေပါတယ်။ ဒါဏ်ရာရထားသူကတော့ မစိုးရိမ်ရပါဘူး

ဟု လူနာများအားကူညီပေးနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စည်းမခြားပရဟိတအသင်းမှ ကိုမျိုးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်က ကွန်ဟောက်တောင်ကျေးရွာမှ ရွာသားများဖြစ်ကြသည့် ဦးစံပို(၅၅-နှစ် ) နှင့် စိုင်းအိုက်အောင် ( ၂၇-နှစ် )တို့သည် ကျေးရွာအနီးရှိ လွယ်ဆန်ငံတောင်ကြောပေါ်သို့ လွှတ်ထားသည့် ဆိတ်များအား သွားရောက်ရှာဖွေစဉ် မိုင်းနင်းမိပေါက်ကွဲခဲ့သဖြင့် ဦးစံပိုမှာနေရာတွင် သေဆုံး သွားခဲ့ရကြောင်း သိရသည်။

နံနက်အစောပိုင်းတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်သော်လည်း ကျေးရွာသို့ရောက်ရန် အဆင့်ဆင့် သယ်ဆောင် ရသည့် အတွက် နေ့လည် ၁၂ နာရီဝန်းကျင်မှသာ သီပေါမြို့သို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း သီပေါမြို့နယ် အုံမုကျေးရွာအနီး မန်လွယ်ကျေးရွာရှိ လက်ဖက် စိုက်ခင်းတစ်ခု တွင် ဒေသခံအမျိုးသမီးငယ် (၃) ဦး မိုင်းနင်းမိရာ အသက် (၂၀) အရွယ်တစ်ဦးသေဆုံးခဲ့ပြီး အသက် ၁၂ နှစ်နှင့် ၁၃ နှစ် အရွယ်နှစ်ဦးမှာ ဒါဏ်ရာများရရှိခဲ့သည်။

သတင်း - နဖြေိုးမြင့်

 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~
 

 

 
 
 
 
 

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...