လားရှိုးမြို့ရှိ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ TNLAထံ အလင်းဝင် 

လားရှိုးမြို့ရှိ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ TNLAထံ အလင်းဝင် 
ဒီဇင်ဘာ 29, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီတပ်သားတစ်ဦး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)ထံ သေနတ်တစ်လက်၊ ကျည် (၂၀၀)ကျော်နှင့်အတူ အလင်းဝင်လာကြောင်း သိရသည်။ 

ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် လားရှိုးမြို့တွင်းလုံခြုံရေးဆောင်ရွက်နေသည့် စစ်ကောင်စီတပ် လက်အောက်ခံ ခြေမြန်ရင်း(၅၁၂)မှ တပ်သား ဟိန်းမင်းဦးသည် စစ်ကောင်စီ၏ အုပ်ချုပ်မှုကို ကြိုက်နှစ်သက်မှုမရှိခြင်း၊ မြောက်ပိုင်းညီနောင်မဟာမိတ်နှင့်အတူ ပြည်သူလူထုဘက်က ရပ်တည်လိုခြင်းကြောင့် TNLAထံ ဆက်သွယ်ကာ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၈)ရက်နေ့ကလည်း လားရှိုးမြို့နယ် ကုန်စုံရွာရှိ စစ်ကောင်စီ၏ ခမရ(၃၆၂)တပ်ရင်းမှ တပ်သားတစ်ဦးသည် စစ်မတိုက်လိုသောကြောင့် လက်နက်ခံယမ်းနှင့်အတူ TNLAထံ အလင်းဝင်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ စစ်သားများ၊ ရဲများနှင့် ဌာနအသီးသီးတွင်တာဝန်ထမ်းဆောင်နေကြသည့် ပုဂ္ဂိုလ်များအနေဖြင့် ပြည်သူ့ဘက်ရပ်တည်ပြီး အလင်းဝင်ကြရန်လည်း TNLAက ဖိတ်ခေါ်ထားသည်။

#TachileikNewsAgency

Photo: PSLF/TNLA News