ေက်ာက္မဲၿမိဳ႕တြင္ တစ္ရက္အတြင္း မူးယစ္ေဆးဝါးမႈ (၂)ခုမွ စိတ္ၾကြေဆးျပား (၄၀၁)ျပား ကို အမ်ဳိးသားႏွစ္ဦးႏွင့္အတူ ဖမ္းဆီးရမိ

ေက်ာက္မဲၿမိဳ႕တြင္ တစ္ရက္အတြင္း မူးယစ္ေဆးဝါးမႈ (၂)ခုမွ စိတ္ၾကြေဆးျပား (၄၀၁)ျပား ကို အမ်ဳိးသားႏွစ္ဦးႏွင့္အတူ ဖမ္းဆီးရမိ
သြဂုတ် 30, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၉)ရက္ေန႔က စိတ္ၾကြေဆးျပား ဖမ္းဆီးရမိမႈ(၂)ခုမွ  စိတ္ၾကြေဆးျပားစုစုေပါင္း (၄၀၁)ျပားႏွင့္ အမ်ိဳးသား(၂)ဦးကို ဖမ္းဆီးရမိ အေရးယူထားေၾကာင္း သိရသည္။

အိုရီယမ္တယ္တိုးဂိတ္တြင္  ရဲတပ္ဖြဲ႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ၾသဂုတ္လ (၂၉)ရက္ေန႔ နံနက္ (၁) နာရီဝန္းက်င္တြင္ ေက်ာက္မဲၿမိဳ႕၊ ရပ္ကြက္(၈)ဘက္မွ အိုရီယမ္တယ္ဟိုက္ေဝးတိုးဂိတ္ အနီး ပန္ေပါင္းေက်းရြာဘက္သို႔ လမ္းေလွ်ာက္လာသည့္ အမ်ိဳးသားတစ္ဦးအား စစ္ေဆးရွာေဖြရာ ေဘာင္းဘီအိတ္ အတြင္းထည့္၍ သယ္ေဆာင္လာသည့္ WY တံဆိပ္ပါ စိတ္ၾကြရူးသြပ္ေဆးျပား (၂၀၀)ပါတစ္ထုပ္ႏွင့္ (၁၉၇)ျပားပါ တစ္ထုပ္တို႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ရဲတပ္ဖြဲ႕ႏွင့္ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ နံနက္အေစာပိုင္းတြင္ ေက်ာက္မဲၿမိဳ႕၊ အမွတ္ (၁)ရပ္ကြက္၊ နယ္ေျမ(၆)ရွိ မူးယစ္သတင္းရ ဝင္းသူ၏ ေနအိမ္အား ဝင္ေရာက္ ရွာေဖြရာ ဝင္းသူကိုေနအိမ္တြင္ ေတြ႔ရၿပီး အေအးစုပ္ပိုက္တစ္ခုအတြင္း ထည့္သြင္းထားသည့္ 88/1 တံဆိပ္ပါ စိတ္ၾကြေဆးျပား (၈)ျပားကိုလည္း ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသူ(၂)ဦးကို ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားရာ နံနက္(၁)နာရီဝန္းက်င္က အိုရီယမ္တယ္တိုးဂိတ္တြင္ ဖမ္းမိသည့္ အသက္(၃၀)အရြယ္ သန္႔ဇင္ေအာင္ကို မယ(ပ)၂၀/၂၀၁၈၊ မူး/စိတ္ ပုဒ္မ ၁၉(က)ျဖင့္လည္းေကာင္း ေနအိမ္တြင္ ဝင္ေရာက္ဖမ္းဆီးခဲ့သည့္ အသက္(၂၆)ႏွစ္အရြယ္ ဝင္းသူကို မယ(ပ)၂၁/၂၀၁၈၊ မူး/စိတ္ ပုဒ္မ ၁၆(ဂ)ျဖင့္လည္းေကာင္း နံနက္(၅)နာရီခြဲအခ်ိန္၌ အမႈဖြင့္လုိက္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၉)ရက်နေ့က စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှု(၂)ခုမှ စိတ်ကြွဆေးပြားစုစုပေါင်း (၄၀၁)ပြားနှင့် အမျိုးသား(၂)ဦးကို ဖမ်းဆီးရမိ အရေးယူထားကြောင်း သိရသည်။

အိုရီယမ်တယ်တိုးဂိတ်တွင် ရဲတပ်ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့က သြဂုတ်လ (၂၉)ရက်နေ့ နံနက် (၁) နာရီဝန်းကျင်တွင် ကျောက်မဲမြို့၊ ရပ်ကွက်(၈)ဘက်မှ အိုရီယမ်တယ်ဟိုက်ဝေးတိုးဂိတ် အနီး ပန်ပေါင်းကျေးရွာဘက်သို့ လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးအား စစ်ဆေးရှာဖွေရာ ဘောင်းဘီအိတ် အတွင်းထည့်၍ သယ်ဆောင်လာသည့် WY တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀)ပါတစ်ထုပ်နှင့် (၁၉၇)ပြားပါ တစ်ထုပ်တို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ရဲတပ်ဖွဲ့နှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နံနက်အစောပိုင်းတွင် ကျောက်မဲမြို့၊ အမှတ် (၁)ရပ်ကွက်၊ နယ်မြေ(၆)ရှိ မူးယစ်သတင်းရ ဝင်းသူ၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ဝင်းသူကိုနေအိမ်တွင် တွေ့ရပြီး အအေးစုပ်ပိုက်တစ်ခုအတွင်း ထည့်သွင်းထားသည့် 88/1 တံဆိပ်ပါ စိတ်ကြွဆေးပြား (၈)ပြားကိုလည်း ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသူ(၂)ဦးကို ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်ထားရာ နံနက်(၁)နာရီဝန်းကျင်က အိုရီယမ်တယ်တိုးဂိတ်တွင် ဖမ်းမိသည့် အသက်(၃၀)အရွယ် သန့်ဇင်အောင်ကို မယ(ပ)၂၀/၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၉(က)ဖြင့်လည်းကောင်း နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့သည့် အသက်(၂၆)နှစ်အရွယ် ဝင်းသူကို မယ(ပ)၂၁/၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၆(ဂ)ဖြင့်လည်းကောင်း နံနက်(၅)နာရီခွဲအချိန်၌ အမှုဖွင့်လိုက်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~