နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ် 

နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ် 
အောက်တိုဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့က စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAထံမှ သိရသည်။ 

 

နောင်ချိုမြို့နယ် သံဘိုကျေးရွာအနီးတွင် စစ်ကောင်စီတပ် တပ်မ(၉၉)၊ ခမရ(၄၁၉)၊ လပခ၊ ခလရ(၈၈)နှင့်  TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးကုတ်မြို့နယ် ဂွေးပင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ် ခလရ(၄၈)၊ လပခနှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် မိုးကုတ်ဗျူဟာကုန်းမှ အတွဲလိုက် ဒုံးကျည်အလုံး(၅၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လာရှိုးလေတပ်မှ Mi 35 လေယာဥ်ဖြင့် (၄)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယနေ့ အောက်တိုဘာလ (၂၇)ရက်နေ့တွင်လည်း မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာအနီးတွင် ဆက်လက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်နှင့် TNLAတို့သည် ဇူလိုင်လမှစတင်၍ ယနေ့ အောက်တိုဘာလ (၂၇)ရက်နေ့အထိ တိုက်ပွဲ (၈၉)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

#TachileikNewsAgency