၁၁၁၁ လှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြသော ပြည်သူလူထုကို ညီနောင်မဟာမိတ် (၃)ဖွဲ့က ကျေးဇူးတင်စကားဆို

၁၁၁၁ လှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြသော ပြည်သူလူထုကို ညီနောင်မဟာမိတ် (၃)ဖွဲ့က ကျေးဇူးတင်စကားဆို
နိုဝင်ဘာ 11, 2023 | 2021 Military Coup| ရှမ်းမြောက်

ပြည်သူ့စည်းလုံးညီညွတ်မှုပြယုဂ်တစ်ခုဖြစ်သည့် (၁၁၁၁)လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော ပြည်သူလူထုကို ကျေးဇူးတင်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့ ညနေပိုင်းတွင် ညီနောင်မဟာမိတ်(၃)ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ဆင်ရေးနှင့် နိုင်ငံမှ ပြည်သူလူထုတရပ်လုံး၏ တော်လှန်ရေး အောင်မြင်သည်အထိ အားကြိုးမာန်တက် မရပ်မနား ဆက်လက်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။

စစ်ဆင်ရေး (၁၆)ရက်မြောက်နေ့တွင် 1027 Operation(၁၀၂၇ စစ်ဆင်ရေး)ကို အားပေးထောက်ခံကြသော ပြည်သူလူထုများဘက်မှလည်း နိုဝင်ဘာလ (၁၁)ရက်နေ့တွင် တစ်လေးလုံး (၁၁၁၁) လူထုလှုပ်ရှားမှုဖြင့် ဖော်ပြကြပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆင်နွှဲနေကြခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီလှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပြီး သွေးလန့်နေသော စစ်ကောင်စီ၏ သက်ဆိုးရှည်နေခြင်းကို အဆုံးသတ်ရန် ဆောင်ရွက်နေကြသည့် လူထုလှုပ်ရှားမှုများထဲမှ ထိရောက်သောလှုပ်ရှားမှုတစ်ခုဖြစ်သည်ဟု ထုတ်ပြန်သည်။

#TachileikNewsAgency