ကျောက်မဲမြို့ပေါ်ကလွဲ၍ မြို့နယ်တွင်းရှိ ကျေးရွာပေါင်း(၄၃)ရွာကို ဇွန်လ(၁၂)ရက်နေ့ တစ်နေ့လုံး လျှပ်စစ်မီး ဖြတ်တောက်မည်

ကျောက်မဲမြို့ပေါ်ကလွဲ၍ မြို့နယ်တွင်းရှိ ကျေးရွာပေါင်း(၄၃)ရွာကို ဇွန်လ(၁၂)ရက်နေ့ တစ်နေ့လုံး လျှပ်စစ်မီး ဖြတ်တောက်မည်
ဇွန် 11, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ပေါ်ရပ်ကွက်မှလွဲ၍ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၄၃) ရွာတွင် ၂၀၂၁ ခုနှစ် ဇွန်လ (၁၂) ရက်နေ့၌ နံနက် (၉)နာရီမှ ညနေ (၄) နာရီအထိ လျှပ်စစ်ဓါတ်အား ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့အနီးရှိ  (၃၃)ကေဗွီစခန်းသာ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းဆောင်ရွက်မည်ဖြစ်သည့်အတွက် လျှပ်စစ်ဓါတ်အားဖြတ်တောက်ခြင်းဖြစ်သည်ဟု သိရသည်။