လားရှိုးမြို့တွင် Smile Train အဖွဲ့နှင့် အောင်ဆေးရုံတို့ ပူးပေါင်း၍ မွေးရာပါ နှုတ်ခမ်း၊ အာခေါင်ကွဲလူနာများကို အခမဲ့ ခွဲစိတ်ကုသပေးမည်
လားရှိုးမြို့တွင် Smile Train အဖွဲ့နှင့် အောင်ဆေးရုံတို့ ပူးပေါင်း၍ မွေးရာပါ နှုတ်ခမ်း၊ အာခေါင်ကွဲလူနာများကို အခမဲ့ ခွဲစိတ်ကုသပေးမည်
ဇွန် 23, 2018
By Tachileik News Agency
မွေးရာပါ နှုတ်ခမ်း၊ အာခေါင်ကွဲလူနာများအား အခမဲ့ကုသပေးခြင်းအား Smile Train အဖွဲ့အနေဖြင့် လားရှိုးမြို့တွင် ဒုတိယအကြိမ်မြောက် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအတွင်းရှိ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ (ကလေး၊ လူကြီး) လူနာများ အနေဖြင့် အောင်ဆေးရုံ၏ ဖုန်းနံပါတ် ၀၈၂-၂၉၂၅၇၉၉ နှင့် ၀၉ ၄၇၃၂၀၂၅၅ တို့သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် Smile Train အဖွဲ့နှင့် အောင်ဆေးရုံတို့ ပူးပေါင်း၍ မွေးရာပါ နှုတ်ခမ်း၊ အာခေါင်ကွဲလူနာများကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၅)ရက်နေ့မှစ၍ နှစ်ရက်တာ အခမဲ့ခွဲစိတ် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 “Smile Train အဖွဲ့က ခွဲစိတ်ကုသမှုကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတစ်ဦးက ခွဲစိတ်မှုတွပြေုလုပ်ပေးမယ်။ ဆေးရုံကတော့ လူနာအတွက်လိုအပ်တဲ့ နေထိုင်ရေး ကိစ္စအပါအဝင် အလုံးစုံကုသိုလ်ဖြစ် အခမဲ့ တာဝန်ယူပေးမှာ ဖြစ်ပါတယ်။ လူနာကတော့ အသက်အရွယ်၊ ကျား/မ မကန့်သတ်ထားပါဘူး” ဟု လားရှိုးမြို့ရှိ အောင်ဆေးရုံမှ အထွေထွေမန်နေဂျာ မနှင်းနုနုအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မွေးရာပါ နှုတ်ခမ်း၊ အာခေါင်ကွဲလူနာများအား အခမဲ့ကုသပေးခြင်းအား Smile Train အဖွဲ့အနဖြေင့် လားရှိုးမြို့တွင် ဒုတိယအကြိမ်မြောက် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
“တကယ်လို့ အဲဒီလိုလူနာက အရေအတွက် အရမ်းများနေတာမျိုးနဲ့ ဝေးလံခေါင်သီတဲ့နေရာမျိုးဆိုရင် သူတို့ နေရပ်နဲ့ အနီးဆုံးနေရာမြို့တစ်ခုခုမှာ နောက်လာမယ့်အကြိမ်တွေမှာ ထပ်ပြီးခွဲစိတ်မှုပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းပြီးသားဖြစ်ပြီး ခွဲစိတ်ကုသလို့ရတဲ့ အနေအထားဆိုရင် သေချာပေါက် ခွဲစိတ်ကုသမှုရရှိမှာ ဖြစ်ပါတယ်” ဟု အောင်ဆေးရုံမှ အထွေထွေမန်နေဂျာက ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအတွင်းရှိ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ (ကလေး၊ လူကြီး) လူနာများ အနဖြေင့် အောင်ဆေးရုံ၏ ဖုန်းနံပါတ် ဝ၈၂-၂၉၂၅၇၉၉ နှင့် ဝ၉ ၄၇၃၂၀၂၅၅ တို့သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~