ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ်ဖေါက်ထွင်းခံရမှု ရဲတပ်ဖွဲ့ထံတိုင်ကြားပြီး နာရီပိုင်းအတွင်းဖမ်းမိ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ်ဖေါက်ထွင်းခံရမှု ရဲတပ်ဖွဲ့ထံတိုင်ကြားပြီး နာရီပိုင်းအတွင်းဖမ်းမိ
အောက်တိုဘာ 15, 2020
By 🌸
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ်ဖေါက်ထွင်းခံရမှု ရဲတပ်ဖွဲ့ထံတိုင်ကြားပြီး နာရီပိုင်းအတွင်း ဖမ်းမိ
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ်ဖေါက်ထွင်းခံရမှုအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့က ရဲတပ်ဖွဲ့ထံ တိုင်ကြားပြီး နာရီပိုင်းအတွင်း ဖေါက်ထွင်းခိုးယူသူကို ခိုးရာပါဆိုင်ကယ်နှင့်အတူ ဖမ်းမိကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လားရှိုးမြို့ရှိ နေအိမ်ခြံဝင်းအား စောင့်ရှောက်ပေးသူ ကိုမျိုးနိုင်ဦးက အောက်တိုဘာလ (၁၅)ရက်နေ့တွင် အမျိုးသားတစ်ဦးအား ခြံရှင်းပေးရန် ခြံဝန်းသော့ပေး၍ လွှတ်လိုက်ရာ သော့ဖွင့်မရကြောင်း ဖုန်းဆက်လာသဖြင့် သွားရောက်ကြည့်ရှုရာ ခြံဝန်းအား အခြားသော့အသစ်ဖြင့် ခတ်ထားသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုမျိုးနိုင်ဦးနှင့် ခြံရှင်းမည့်အမျိုးသားတို့အား သော့ဖျက်၍ဝင်ကြည့်ရာ နေအိမ်ဂိုဒေါင်ရှိ ဆိုင်ကယ်တစ်စီး ပျောက်နေသည်ကို သိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် နေအိမ်အတွင်း၌လည်း ပစ္စည်းများအား မွှေနှောက်ရှာဖွေခံထားရသည်ကို တွေ့ရသဖြင့် လားရှိုးနယ်မြေရဲစခန်းသို့ နေ့လယ် (၂)နာရီဝန်းကျင်တွင် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ရာ ပျောက်ဆုံးသွားသော ဆိုင်ကယ်ကို ဆိုင်ကယ်ပြင်ဆိုင်တစ်ခုတွင် အပ်ထားသည်ကို တွေ့ရှိရာမှ ဆိုင်ကယ်ခိုးယူသူအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်ခိုးယူခဲ့သည့် တင်မောင်ကြည်အား လားရှိုးနယ်မြေရဲစခန်းတွင် ညနေ (၄)နာရီဝန်းကျင်၌ အမှုဖွင့်ထားပြီးဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ-ရဲတပ်ဖွဲ့

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~