တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ကျင်းပမည့် (၁၄)ညတိုင်တိုင် တရားပွဲ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် စတင်မည်

တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ကျင်းပမည့် (၁၄)ညတိုင်တိုင် တရားပွဲ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် စတင်မည်
နိုဝငျဘာ 9, 2018
By Tachileik News Agency


"ပါလျှံကွက်သစ်၊ ပါလျှံဘုရားကြီးကျောင်းရှေ့၊ အလိုတော်ကျောင်းရှေ့၊ အာခါဗုဒ္ဓ၊ ဝေဠူဝန်ကျောင်းအနီး၊ ပုန်းထွန်(ကျောက်တောင်)သီလကျောင်းလမ်းဆုံ နဲ့ လွယ်တော်ခမ်းတို့မှာ ယာဉ်အကြိုအပို့ လုပ်ပေးပါတယ်"ဟု တာချီလိတ်မြို့ အလင်းရောင်ပရဟိတအသင်း ဒုဥက္ကဌ ဦးနိုင်စိုး က ပြောသည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် အလင်းရောင်ပရဟိတအသင်း နှင့် တာချီလိတ်မြို့သူ မြို့သားများ စုပေါင်း ကျင်းပပြုလုပ်မည့် (၁၄)ညတိုင်တိုင် တရားပွဲအား နိုဝင်ဘာလ(၁၅)ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ဓမ္မာစရိယဆရာတော် (၇)ပါးမှ တရားတော် ဟောကြားတော်မည်ဖြစ်ကြောင်း သိရသည်။

အလင်းရောင်ပရဟိတအသင်းမှ ကျင်းပမည့် တရားပွဲကာလအတွင်း တရားနာလိုသူများကို ယခင်အတိုင်း စုရပ်များတွင် ယာဉ်အကြိုအပို့ ပြုလုပ်ပေးကြောင်း သိရသည်။

"ပါလျှံကွက်သစ်၊ ပါလျှံဘုရားကြီးကျောင်းရှေ့၊ အလိုတော်ကျောင်းရှေ့၊ အာခါဗုဒ္ဓ၊ေဝဠူဝန်ကျောင်းအနီး၊ ပုန်းထွန်(ကျောက်တောင်)သီလကျောင်းလမ်းဆုံ နဲ့ လွယ်တော်ခမ်းတို့မှာ ယာဉ်အကြိုအပို့ လုပ်ပေးပါတယ်"ဟု တာချီလိတ်မြို့ အလင်းရောင်ပရဟိတအသင်း ဒုဥက္ကဌ ဦးနိုင်စိုး က ပြောသည်။

အဆိုပါ တရားပွဲအား တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့မှ နိုဝင်ဘာလ(၂၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~