ကျောက်မဲမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဝါကျွတ်ဆွမ်းတော်ကြီးကပ်လှူပွဲကို Covid-19 ကြောင့် ယခုနှစ်တွင် ရပ်နား

ကျောက်မဲမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဝါကျွတ်ဆွမ်းတော်ကြီးကပ်လှူပွဲကို Covid-19 ကြောင့် ယခုနှစ်တွင် ရပ်နား
အောက်တိုဘာ 5, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဝါကျွတ်ဆွမ်းတော်ကြီးကပ်လှူပွဲကို Covid-19 ကြောင့် ယခုနှစ်တွင် ရပ်နား
Covid-19 ရောဂါပြန့်ပွားနေသော ကာလဖြစ်သည့်အတွက် ကျောက်မဲတွင် ဝါကျွတ်ဆွမ်းတော်ကြီးကပ်ပွဲတော်များ မကျင်းပရန် ခရိုင်သာသနာရေးဦးစီးဌာနက ညွှန်ကြားချက် မထုတ်ထားသာ်လည်း ရပ်ကွက်များအလိုက် မိမိတို့ဆန္ဒသဘောဖြင့် ရပ်နားထားကြောင်း သိရသည်။
"ခရိုင်သာသနာရေးဦးစီးဌာနကနေတော့ စာထုတ်ထားတာ မရှိသေးဘူး။ ကိုဗစ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ထဲမှာက လူစုလူဝေး မလုပ်ဖို့ တခါတည်းပါပြီးသားဆိုတော့ အဲ့ဒါ  လိုက်နာ လိုက်ရင် ပွဲလမ်းသဘင်က လုပ်စရာ မလိုတော့ဘူး။ မြို့နယ် သံဃာ့ နာယက အဖွဲ့ကနေတော့ သံဃာတွေ ကျောင်းမှာပဲနေကြဖို့ ထုတ်ပြန်ထားတာရှိတယ်"ဟု သာသနာရေးဦးစီးဌာန၏ ကျောက်မဲခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်တလောဖြစ်ပွားနေသည့် ကိုဗစ်ရောဂါ အခြေအနေကြောင့် မြို့တွင်းသို့ ဆွမ်းတော်ကြီး အလှူခံထွက်ခြင်းကိုလည်း အောက်တိုဘာလကစတင်၍ ရပ်နားလိုက်ပြီဖြစ်ပြီး သပိတ်လောင်းလှူရန်မှလွဲ၍ အသင်းကြေးများ ကောက်ခံခြင်းကိုပါ ရပ်နားထားကြောင်း သိရသည်။
"နှစ်စဥ်ပြုလုပ်နေကျဖြစ်တဲ့ ဝါကျွတ် ဆွမ်းတော်ကြီးကပ်ပွဲတော်ကို Covid ရောဂါ အခြေအနေတွေကြောင့် ဒီနှစ်မှာ မလုပ်တော့ဘူး။ သပိတ်လောင်းပွဲ အတွက်လဲ လူစုလူဝေး မဖြစ်စေဖို့ သပိတ်အလှူရှင်တွေကိုယ်စား အာရုဏ်တော်အသင်းကနေပဲ လူနည်းနည်းနဲ့ သပိတ်လောင်းလှူပေးတော့မှာ ဖြစ်ပါတယ်"ဟု ကျောက်မဲမြို့ အမှတ် (၂)ရပ်ကွက်ရှိ ရန်ကင်းဓမ္မာရုံအရုဏ်တော်ဗုဒ္ဓဝေယျာဝစ္စနှင့် သာရေးနာရေးအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းထွန်းက ပြောသည်။
ကျောက်မဲမြို့အတွင်းရှိ အခြားရပ်ကွက်/ကျေးရွာများမှ ဓမ္မာရုံများ၊ ဘုန်းကြီးကျောင်းများကလည်း ဝါတွင်း ကာလ အသင်းသားများ ဆွမ်းတော်ကြီး အလှူခံထွက်ခြင်းနှင့် ဆွမ်းခံထွက်ခြင်းတို့ကို ရပ်နားထားကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~