ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕တြင္ ရုပ္ရွင္ရုံတည္ေဆာက္ရန္ ၂၀၁၉ ခုႏွစ္အတြင္း စိတ္ဝင္စားမႈအဆိုျပဳလႊာ ထပ္မံေခၚယူမည္

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕တြင္ ရုပ္ရွင္ရုံတည္ေဆာက္ရန္ ၂၀၁၉ ခုႏွစ္အတြင္း စိတ္ဝင္စားမႈအဆိုျပဳလႊာ ထပ္မံေခၚယူမည္
ဇွန် 1, 2019
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕ ရွိ သီရိရုပ္ရွင္ရုံေဟာင္းေျမေနရာတြင္ ထိုင္ခုံ(၂၅၀)ဆံ့ Digital Cinema Package (DCP) ရုပ္ရွင္ရုံတစ္ရုံေဆာက္လုပ္ကာ လုပ္ငန္းလုပ္ကိုင္ႏိုင္ရန္ ျပည္တြင္းလုပ္ငန္းရွင္မ်ားအား စိတ္ဝင္စားမႈ အဆိုျပဳလႊာမ်ားကို ၂၀၁၉ ခုႏွစ္အတြင္း ထပ္မံေခၚယူသြားမည္ ျဖစ္ေၾကာင္းသိရသည္။

ျပန္ၾကားေရးႏွင့္ ျပည္သူ႕ဆက္ဆံေရးဦးစီးဌာနအေနျဖင့္ ကယားျပည္နယ္ ၊ လိြဳင္ေကာ္ၿမိဳ႕ရွိ သီရိရုပ္ရွင္ရုံ ေျမေနရာတြင္ လူထုအေျချပဳဗဟိုဌာန အေဆာက္အဦးေဆာက္လုပ္ေပးရန္ႏွင့္ က်န္ရွိေနေသာေျမေနရာတြင္ BOT စနစ္ျဖင့္ မိမိတို႕ေဆာင္ရြက္မည့္ လုပ္ငန္းစီမံကိန္း တြင္ ထိုင္ခုံ (၂၅၀)ဆံ့ ရုပ္ရွင္ရုံတစ္ရုံ ေဆာက္လုပ္ရန္ အတြက္ ၂၀၁၈ ခုႏွစ္ ၊ဇူလိုင္လအတြင္းမွစ၍ ျပည္တြင္းလုပ္ငန္းရွင္မ်ားအား စိတ္ဝင္စားမႈအဆိုျပဳလႊာမ်ားေခၚယူခဲ့ရာ ဆြတ္ပိုက္ကုမၸဏီတစ္ခုတည္းကသာ အဆိုျပဳလႊာတင္သြင္းခဲ့ေၾကာင္း သိရသည္။

“ဆြတ္ပိုက္ကုမၸဏီက စိတ္ဝင္စားမႈအဆိုျပဳလႊာေအာင္ျမင္ခဲ့ေပမဲ့ ကုမၸဏီရဲ႕ေငြေၾကးပိုင္းဆိုင္ရာ အခက္ခဲေတြေၾကာင့္ ပါဝင္ယွဥ္ၿပိဳင္ျခင္းမျပဳေတာ့ေၾကာင္း တရားဝင္စာနဲ႕ တင္ျပလာတဲ့အတြက္ လုပ္ငန္းကို ဆက္လက္လုပ္ေဆာင္ႏိုင္ျခင္းမရွိေတာ့ဘူး”ဟု သယံဇာတနွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး ဦးတီရယ္က ၿပီးခဲ့သည့္ ၂၀၁၉ခုႏွစ္ ေမလ (၂၈)ရက္ေန႔တြင္ျပဳလုပ္ခဲ့သည့္ ကယားျပည္နယ္အစိုးရ အဖြဲ႕၏ တစ္ႏွစ္တာသတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

ဆြတ္ပိုက္ကုမၸဏီမွ လုပ္ငန္း လုပ္ေဆာင္ႏိုင္ျခင္းမရွိေသာေၾကာင့္ ျပည္တြင္းလုပ္ငန္းရွင္မ်ားအား ၂၀၁၉ ခုနွစ္အတြင္း စိတ္ဝင္စားမႈအဆိုျပဳလႊာ ေခၚယူ၍ တင္ဒါေအာင္ျမင္သူမ်ားအား လုပ္ထုံးလုပ္နည္းမ်ား ႏွင့္အညီ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ ခုနွစ္အတြင္း လိြဳင္ေကာ္ၿမိဳ႕တြင္ ရုပ္ရွင္ရုံမ်ား တည္ေဆာက္ရန္ သီရိရုပ္ရွင္ေဟာင္း ေနရာတြင္ ဆြတ္ပိုက္ကုမၸဏီမွ လည္းေကာင္း ၊ လိြဳင္ေကာ္တကၠသိုလ္အေရွ႕ဖက္ ေထးငွားလ်ား ကန္ေဘးတြင္ Feel & Touch Co.,Ltd မွ Our ဟုအမည္ေပးထားေသာ ရုပ္ရွင္ရုံ အေသး(၁)ရုံ ၊ အႀကီး (၁)ရုံ ပါဝင္၍ KFC ကဲ့သို႕ Snack Bar မ်ားထည့္သြင္းကာ တည္ေဆာက္သြားရန္ လုပ္ေဆာင္ခဲ့ေသာ္လည္း ယခုခ်ိန္ထိ အေကာင္ထည္ေဖာ္မႈ မရွိေသးေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ရှိ သီရိရုပ်ရှင်ရုံဟောင်းမြေနေရာတွင် ထိုင်ခုံ(၂၅၀)ဆံ့ Digital Cinema Package (DCP) ရုပ်ရှင်ရုံတစ်ရုံဆောက်လုပ်ကာ လုပ်ငန်းလုပ်ကိုင်နိုင်ရန် ပြည်တွင်းလုပ်ငန်းရှင်များအား စိတ်ဝင်စားမှု အဆိုပြုလွှာများကို ၂၀၁၉ ခုနှစ်အတွင်း ထပ်မံခေါ်ယူသွားမည် ဖြစ်ကြောင်းသိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနဖြေင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သီရိရုပ်ရှင်ရုံ မြေနေရာတွင် လူထုအခြပြေုဗဟိုဌာန အဆောက်အဦးဆောက်လုပ်ပေးရန်နှင့် ကျန်ရှိနေသောမြေနေရာတွင် BOT စနစ်ဖြင့် မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း တွင် ထိုင်ခုံ (၂၅၀)ဆံ့ ရုပ်ရှင်ရုံတစ်ရုံ ဆောက်လုပ်ရန် အတွက် ၂၀၁၈ ခုနှစ်၊ဇူလိုင်လအတွင်းမှစ၍ ပြည်တွင်းလုပ်ငန်းရှင်များအား စိတ်ဝင်စားမှုအဆိုပြုလွှာများခေါ်ယူခဲ့ရာ ဆွတ်ပိုက်ကုမ္ပဏီတစ်ခုတည်းကသာ အဆိုပြုလွှာတင်သွင်းခဲ့ကြောင်း သိရသည်။

“ဆွတ်ပိုက်ကုမ္ပဏီက စိတ်ဝင်စားမှုအဆိုပြုလွှာအောင်မြင်ခဲ့ပေမဲ့ ကုမ္ပဏီရဲ့ငွေကြေးပိုင်းဆိုင်ရာ အခက်ခဲတွေကြောင့် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုတော့ကြောင်း တရားဝင်စာနဲ့ တင်ပြလာတဲ့အတွက် လုပ်ငန်းကို ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘူး”ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတီရယ်က ပြီးခဲ့သည့် ၂၀၁၉ခုနှစ် မေလ (၂၈)ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ကယားပြည်နယ်အစိုးရ အဖွဲ့၏ တစ်နှစ်တာသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဆွတ်ပိုက်ကုမ္ပဏီမှ လုပ်ငန်း လုပ်ဆောင်နိုင်ခြင်းမရှိသောကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအား ၂၀၁၉ ခုနှစ်အတွင်း စိတ်ဝင်စားမှုအဆိုပြုလွှာ ခေါ်ယူ၍ တင်ဒါအောင်မြင်သူများအား လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်း လွိုင်ကော်မြို့တွင် ရုပ်ရှင်ရုံများ တည်ဆောက်ရန် သီရိရုပ်ရှင်ဟောင်း နေရာတွင် ဆွတ်ပိုက်ကုမ္ပဏီမှ လည်းကောင်း၊ လွိုင်ကော်တက္ကသိုလ်အရှေ့ဖက် ထေးငှါးလျား ကန်ဘေးတွင် Feel & Touch Co.,Ltd မှ Our ဟုအမည်ပေးထားသော ရုပ်ရှင်ရုံ အသေး(၁)ရုံ၊ အကြီး (၁)ရုံ ပါဝင်၍ KFC ကဲ့သို့ Snack Bar များထည့်သွင်းကာ တည်ဆောက်သွားရန် လုပ်ဆောင်ခဲ့သော်လည်း ယခုချိန်ထိ အကောင်ထည်ဖော်မှု မရှိသေးကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net