KTV တြင္ အရက္အတူေသာက္ၿပီး စကားမ်ားရာမွ ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြား

KTV တြင္ အရက္အတူေသာက္ၿပီး စကားမ်ားရာမွ ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြား
ဧပြီ 27, 2018
By Tachileik News Agency

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕၊ ေျမနီကုန္းေက်းရြာ႐ွိ KTV အခန္းတစ္ခုတြင္ သီခ်င္းဆိုရင္း အရက္အတူ ေသာက္စားရာမွ စကားမ်ား ရန္ျဖစ္ၿပီး ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးမႈ ဧၿပီလ (၂၆) ရက္ေန႔ ညေနပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ႏြားလဝိုးေက်းရြာ အုပ္စု၊ ေျမနီကုန္းေက်းရြာတြင္ ဖြင့္လွစ္ထားေသာ KTV ၌ ဦးသိန္းတန္၊ ဦး႐ွားရယ္၊ ဦးသက္တင္ ၊ ကိုေဇာ္ႏွင့္ နာနတ္ေတာရပ္ကြက္ (ကလလတ)အဖြဲ႔ ၊ဆက္ဆံေရး႐ုံးဆက္ဆံေရးမွဴး ဦးစိုးၫႊန္႔ ဆိုသူတို႔မွာ အခန္းအမွတ္ (၁၀) တြင္ သီခ်င္းဆို အရက္အတူေသာက္စားရာမွ စကားမ်ား ရန္ျဖစ္ခဲ့ၿပီး ဦးစိုးၫႊန္႔ မွ အခန္းအျပင္ထြက္ သြားၿပီး ၎၏ ကားအတြင္းမွ ( ပိြဳင့္ ၂၅)အမ်ိဳးအစားဟု ယူဆရေသာ ပစၥတိုေသနတ္ အေသးအား ယူ၍ KTV ေကာင္တာအနီး ဦးသိန္းတန္အား ေသနတ္ျဖင့္ (၆) ခ်က္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎၏ ပစ္ခတ္မႈေၾကာင့္ ဦးသိန္းတန္၏ ဝဲေပါင္ေ႐ွ႕ ႏွင့္အေနာက္တို႔တြင္ ေပါက္ထြက္ ဒဏ္ရာမ်ား၊ ယာဒူး အထက္ႏွင့္ ေဘးတြင္ ေပါက္ထြက္ဒဏ္ရာမ်ား ရ႐ွိခဲ့ၿပီး လိြဳင္ေကာ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္၍ ကုသေပးေနၿပီး ေသနတ္ျဖင့္ ပစ္ခတ္သူ ဦးစိုးၫႊန္႔မွာ ထြက္ေျပးတိမ္းေ႐ွာင္ေနေၾကာင္း သိရသည္။

ထြက္ေျပးေနသည့္ ဦးစိုးညြန္႔အား ဖမ္းဆီးရမိေရးေဆာင္ရြက္ေနၿပီး ေသနတ္ျဖင့္ ပစ္ခတ္မႈအတြက္ လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့၊ မြေနီကုန်းကျေးရွာရှိ KTV အခန်းတစ်ခုတွင် သီချင်းဆိုရင်း အရက်အတူ သောက်စားရာမှ စကားများ ရန်ဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးမှု ဧပြီလ (၂၆) ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နွားလဝိုးကျေးရွာ အုပ်စု၊ မြေနီကုန်းကျေးရွာတွင် ဖွင့်လှစ်ထားသော KTV၌ ဦးသိန်းတန်၊ ဦးရှားရယ်၊ ဦးသက်တင်၊ ကိုဇော်နှင့် နာနတ်တောရပ်ကွက် (ကလလတ)အဖွဲ့၊ဆက်ဆံရေးရုံးဆက်ဆံရေးမှူး ဦးစိုးညွှန့် ဆိုသူတို့မှာ အခန်းအမှတ် (၁၀) တွင် သီချင်းဆို အရက်အတူသောက်စားရာမှ စကားများ ရန်ဖြစ်ခဲ့ပြီး ဦးစိုးညွှန့် မှ အခန်းအပြင်ထွက် သွားပြီး၎င်း၏ ကားအတွင်းမှ ( ပွိုင့် ၂၅)အမျိုးအစားဟု ယူဆရသော ပစ္စတိုသေနတ် အသေးအား ယူ၍ KTV ကောင်တာအနီး ဦးသိန်းတန်အား သေနတ်ဖြင့် (၆) ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း၏ ပစ်ခတ်မှုကြောင့် ဦးသိန်းတန်၏ ဝဲပေါင်ရှေ့ နှင့်အနောက်တို့တွင် ပေါက်ထွက် ဒဏ်ရာများ၊ ယာဒူး အထက်နှင့် ဘေးတွင် ပေါက်ထွက်ဒဏ်ရာများ ရရှိခဲ့ပြီး လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ကုသပေးနပြေီး သေနတ်ဖြင့် ပစ်ခတ်သူ ဦးစိုးညွှန့်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ထွက်ပြေးနေသည့် ဦးစိုးညွန့်အား ဖမ်းဆီးရမိရေးဆောင်ရွက်နပြေီး သေနတ်ဖြင့် ပစ်ခတ်မှုအတွက် လွိုင်ကော်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~