ကယားပြည်နယ်အစိုးရ၏ တရားစွဲမှုကြောင့် ပြစ်ဒဏ်ကျသူ ၆ဦးအနက် တစ်ဦးလွတ်လာ

ကယားပြည်နယ်အစိုးရ၏ တရားစွဲမှုကြောင့် ပြစ်ဒဏ်ကျသူ ၆ဦးအနက် တစ်ဦးလွတ်လာ
နိုဝင်ဘာ 25, 2019
By Tachileik News Agency

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်  လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပုဒ်မ (၁၀) ဖြင့်  ကယားပြည်နယ်အစိုးရ၏ တရားစွဲမှုကြောင့် ထောင်ဒဏ်ကျခံနေရသော ကရင်နီလူငယ် (၆) ဦးထဲမှ တစ်ဦးမှာ ထောင်ဒဏ်စေ့ပြီဖြစ်၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် လွတ်မြောက်လာပြီ ဖြစ်သည်။

နိုင်လွတ်လုံဥပဒေပုဒ်မ ၁၀ ဖြင့် ထောင်ဒဏ် (၆) လ ကျခံနေရသော ကရင်နီလူငယ် (၆)ဦးမှ ခူးကြူဖဲကေး (ခ)ဂူဂူမှာ ထောင်ချုပ်ကျခံခဲ့ရသဖြင့် အခြားသူများထက် ထောင်ဒဏ်ရက်စော၍ ပြည့်သွားခြင်းဖြစ်ရာ နိုဝင်ဘာလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်အကျဉ်းထောင်မှ လွတ်မြောက်လာခြင်းဖြစ်သည်။

ကိုဒီးဒီ၊ ကိုမျိုးလှိုင်ဝင်း၊ ကိုခူးရီးဒူ နှင့် ကိုခွန်းဂျွန်ပေါတို့သည် ဒီဇင်ဘာလအတွင်း ထောင်ဒဏ်စေ့မည်ဖြစ်သည်။

လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိခြင်းနှင့်ပတ်သက်၍ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့အား နိုင်ငံရေး ရာဇဝတ်ကောင်များ၊ အမျိုးသား သစ္စာဖောက်များအဖြစ် ရေးသားထားသည့် ထုတ်ပြန်ကြေညာချက် တစ်စောင်နှင့်ပတ်သက်၍ ခူးကြူးဖဲကေး၊ ကိုဂျွန်ပေါ၊ ကိုမျိုးလှိုင်ဝင်း၊ ခွန်သောမတ်စ်၊ ကိုဒီးဒီနှင့် ခူးရီးဒူတို့အား မေလ (၁၆) ရက်နေ့တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net