လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးတွင် ကုသပေးနသည့် COVID-19 အတည်ပြုလူနာ အမျိုးသမီး (၁) ဦး ထပ်မံသေဆုံး 

လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးတွင် ကုသပေးနသည့် COVID-19 အတည်ပြုလူနာ အမျိုးသမီး (၁) ဦး ထပ်မံသေဆုံး 
ဇူလိုင် 20, 2021 | Covid-19| ကယား

ကယား (ကရင်နီ)ပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးနေသည့် COVID-19 အတည်ပြုလူနာများအနက် အမျိုးသမီးလူနာ (၁) ဦး နေ့လယ်ပိုင်းတွင် သေဆုံးသွားသဖြင့် သေဆုံးသူ (၉) ဦးရှိလာပြီဖြစ်သည်။

လွိုင်ကော်ပြည်သူ့ဆေးရုံကြီး သီးခြားကုသဆောင်တွင် ကုသပေးနေသည့် အဆိုပါ အတည်ပြုလူနာအမျိုးသမီးမှာ ရောဂါလက္ခဏာပြင်းထန်သူဖြစ်ကြောင်းသိရပြီး အတည်ပြုလူနာ၏ ရုပ်အလောင်းအား ရွှေလွိုင်ကော်ပရဟိတအဖွဲ့က ကူညီသယ်ဆောင်၍ လွိုင်ကော်မြို့ (၄)မိုင် သုသာန်တွင် သဂြိုလ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

လွိုင်ကော်မြို့နယ်အတွင်း COVID-19 ကူးစက်သူမြင့်မားနေပြီး အနံ့ပျောက်၍ ဖျားနာနေသူများလည်း များပြားနေသဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြခြင်းဖြင့် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် ကူညီကြရန် ပရဟိတအဖွဲ့များက တိုက်တွန်းထားသည်။

ကယား(ကရင်နီ)ပြည်နယ်တွင် COVID 19 ပိုးတွေ့ရှိသူများမှာ ဇူလိုင်လ (၂၀) ရက်နေ့ နံနက်ပိုင်းအထိ  လွိုင်ကော်မြို့တွင် (၁၈၁) ဦး၊ ဖရူဆိုမြို့တွင် ( ၆) ဦး၊ ဘောလခဲမြို့တွင် ( ၁၂) ဦး၊ ဖားဆောင်းမြို့တွင်( ၁) ဦးတို့ဖြစ်ပြီး တစ်ပြည်နယ်လုံးတွင် စုစုပေါင်း ပိုးတွေ့ရှိသူ (၂၀၀)ဦးထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ (၁၀)ဦးရှိပြီဖြစ်ကြောင်း သိရသည်။