ဒီးမော့ဆိုတွင် နယ်မြေရှင်းလင်းမှုအတွင်း အာဏာသိမ်းတပ်၏ မိုင်းနင်းမိပြီး ကျဆုံးရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၏ ဈာပန

Photo: DMO-PDF
Photo: DMO-PDF
ဒီးမော့ဆိုတွင် နယ်မြေရှင်းလင်းမှုအတွင်း အာဏာသိမ်းတပ်၏ မိုင်းနင်းမိပြီး ကျဆုံးရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၏ ဈာပန
ဇန်နဝါရီ 3, 2022 | ကယား

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ ငွေတောင်ဆည်အနီး တိုက်ပွဲအပြီးတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့က နယ်မြေရှင်းလင်းမှုအတွင်း အာဏာသိမ်းစစ်တပ် ထောင်ထားသည့်မိုင်းနင်းမိ၍ ကျဆုံးခဲ့ရသည့် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO-PDF)၏ တပ်ဖွဲ့၀င် ဦးလေးရှို (ခ) ဖာလို၏ ဈာပနာအခမ်းအနားကို ယနေ့ ဇန်န၀ါရီလ (၃)ရက်နေ့တွင် ပြုလုပ်သည်။

ဦးလေးရှို (ခ) ဖာလိုသည် ဆေးကုသမှုခံယူနေရင်း ဇန်နဝါရီလ (၃) ရက်နေ့ နံနက်ပိုင်းတွင် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဦးလေးရှို(ခ)ဖာလိုသည် နွေဦးတော်လှန်ရေးကာလတွင် တာဝန်ကျေပွန်ပြီး လေးစားရတဲ့ ရဲဘော်ကောင်းတစ်ဦးဖြစ် ကြောင်း  မှတ်တမ်းတင်ပါသည်ဟု ဒီးမော့ဆို PDF ကထုတ်ပြန်သည့် ဝမ်းနည်းရကြောင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။