KNPP ကိုယ္စားလွယ္မ်ားႏွင့္ ျပည္နယ္အစိုးရ ကိုယ္စားလွယ္တို႔ လစဥ္ပုံမွန္ေတြ႔ဆုံမည္

KNPP ကိုယ္စားလွယ္မ်ားႏွင့္ ျပည္နယ္အစိုးရ ကိုယ္စားလွယ္တို႔ လစဥ္ပုံမွန္ေတြ႔ဆုံမည္
ဧပြီ 29, 2018
By 🌸
ျပည္နယ္တြင္း႐ွိ တည္ၿငိမ္ေအးခ်မ္းေရးအား ပိုမိုထိေရာက္စြာ ေဆာင္ရြက္ႏိုင္ရန္ KNPP (ကရင္နီတိုးတက္ေရးပါတီ) ကိုယ္စားလွယ္မ်ားႏွင့္ အစိုးရအဖြဲ႔ကိုယ္စားလွယ္မ်ား လစဥ္ပုံမွန္ေတြ႔ဆုံမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ယခင္လက္မွတ္ေရးထိုးခဲ့ေသာ သေဘာတူညီခ်က္မ်ားကို ဆက္လက္ထိန္းသိမ္းႏိုင္ရန္ မလိုအပ္ေသာ ထိေတြ႕မႈမ်ား မျဖစ္ေစဘဲ ျပည္နယ္၏ တည္ၿငိမ္ေအးခ်မ္းေရးကို ဆက္လက္ထိန္းသိမ္းရန္ လက္ရိွအစိုးရသစ္ႏွင့္ KNPP ကိုယ္စားလွယ္တို႔ လစဥ္ေတြ႔ဆုံသြားမည္ျဖစ္ေၾကာင္း ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ အေထြေထြအတြင္းေရးမွဴး ဦးေရႊမ်ိဳးသန္႔ထံမွ သိရသည္။

" ျပည္နယ္အစိုးရနဲ႔ ကၽြန္ေတာ္ ျပည္ေထာင္စုက ကမကထ လုပ္ေပးရတဲ့အပိုင္းေတြ႐ွိတယ္။ ခုျပည္ေထာင္စုက ကမကထ လုပ္ေပးတဲ့အတြက္ ဒီျပည္နယ္မွာ အဓိက အုပ္ခ်ဳပ္ေရးပိုင္းမွာ အေရးႀကီးတဲ့ တပ္ဖက္ကရယ္၊ ျပည္သူ႔ရဲ႕ဖက္ကရယ္၊ အစိုးရအဖြဲ႔အတြင္းေရးမွဴးဆိုတာမ်ိဳးရယ္၊ ဒါေတြ စုဖြဲ႔ၿပီးမွ ကြၽန္ေတာ္တို႔ဖက္က စုဖြဲ႔မႈနဲ႔ လစဥ္ပုံမွန္ေတြ႔ဆုံမႈေတြ လုပ္သြားဖို႔႐ွိတယ္။ ဒီလိုလုပ္သြားမယ္ဆို ပိုၿပီးေတာ့ အရင္ကထက္စာလို႔ရိွရင္ ကြၽန္ေတာ္တို႔ အခ်င္း ခ်င္းၾကားမွာ ပုံမွန္ေတြ႕ဆုံမႈေတြ ျဖစ္လာၿပီးေတာ့မွ ျပည္နယ္ရဲ႕တည္ၿငိမ္ေအးခ်မ္းေရးကိုအေထာက္ကူျပဳမယ့္ သေဘာမ်ိဳးပါ " ဟု KNPP အေထြေထြအတြင္းေရးမွဴး ဦးေရႊမ်ိဳးသန္႔က ေျပာသည္။

NCA လက္မွတ္ေရးထိုးႏုိင္ေရးအတြက္ ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP) တို႔ ဧၿပီလ (၂၆) ရက္ေန႔မွ (၂၇) ရက္ေန႔ထိ လိြဳင္ေကာ္ၿမိဳ႕ ျပည္နယ္ခန္းမတြင္ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
KNPP ကိုယ်စားလှယ်များနှင့် ပြည်နယ်အစိုးရ ကိုယ်စားလှယ်တို့ လစဉ်ပုံမှန်တွေ့ဆုံမည်
***************
ပြည်နယ်တွင်းရှိ တည်ငြိမ်အေးချမ်းရေးအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် KNPP (ကရင်နီတိုးတက်ရေးပါတီ) ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ကိုယ်စားလှယ်များ လစဉ်ပုံမှန်တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်များကို ဆက်လက်ထိန်းသိမ်းနိုင်ရန် မလိုအပ်သော ထိတွေ့မှုများ မဖြစ်စေဘဲ ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ထိန်းသိမ်းရန် လက်ရှိအစိုးရသစ်နှင့် KNPP ကိုယ်စားလှယ်တို့ လစဉ်တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်ထံမှ သိရသည်။

" ပြည်နယ်အစိုးရနဲ့ ကျွန်တော် ပြည်ထောင်စုက ကမကထ လုပ်ပေးရတဲ့အပိုင်းတွေရှိတယ်။ ခုပြည်ထောင်စုက ကမကထ လုပ်ပေးတဲ့အတွက် ဒီပြည်နယ်မှာ အဓိက အုပ်ချုပ်ရေးပိုင်းမှာ အရေးကြီးတဲ့ တပ်ဖက်ကရယ်၊ ပြည်သူ့ရဲ့ဖက်ကရယ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဆိုတာမျိုးရယ်၊ ဒါတွေ စုဖွဲ့ပြီးမှ ကျွန်တော်တို့ဖက်က စုဖွဲ့မှုနဲ့ လစဉ်ပုံမှန်တွေ့ဆုံမှုတွေ လုပ်သွားဖို့ရှိတယ်။ ဒီလိုလုပ်သွားမယ်ဆို ပိုပြီးတော့ အရင်ကထက်စာလို့ရှိရင် ကျွန်တော်တို့ အချင်း ချင်းကြားမှာ ပုံမှန်တွေ့ဆုံမှုတွေ ဖြစ်လာပြီးတော့မှ ပြည်နယ်ရဲ့တည်ငြိမ်အေးချမ်းရေးကိုအထောက်ကူပြုမယ့် သဘောမျိုးပါ " ဟု KNPP အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောသည်။

NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ဧပြီလ (၂၆) ရက်နေ့မှ (၂၇) ရက်နေ့ထိ လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~