သီပေါမြို့တွင် နာရေးအိမ်၌ အမျိုးသမီး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သီပေါမြို့တွင် နာရေးအိမ်၌ အမျိုးသမီး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
ဇွန် 25, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့၊ မြန်မာရပ်ရှိ နာရေးအိမ်တစ်ခုတွင် ယနေ့ ဇွန်လ(၂၅)ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦးအား အမည်မသိသူများက သေနတ်ဖြင့် ဝင်ပစ်သတ်သွားကြောင်း သိရသည်။



သေဆုံးသူမှာ အသက် (၄၃)နှစ်အရွယ်ရှိ မဇာဇာမျိုးဆိုသူဖြစ်ပြီး ၎င်း၏ ဖခင်မှာ  စစ်တပ်မှ အငြိမ်းစားယူထားသူဖြစ်ကြောင်း နှင့် ၎င်းသည်နာရေးအိမ်ရှိ ဖဲဝိုင်းတွင် ထိုင်နေစဉ် နောက်စေ့မှကျည်ဆံဖေါက်ဝင်သည့် ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

သီပေါမြို့ မြန်မာရပ်မှ အမျိုးသားတစ်ဦးသည် ဇွန်လ (၂၃)ရက် ညပိုင်းက ဆိုင်ကယ်မောင်းလာစဉ် စစ်သားများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားခြင်းဖြစ်ပြီး ၎င်းနာရေးအိမ်တွင် ယခုကဲ့သို့ ဖြစ်ပွားသွားခြင်းဖြစ်သည်ဟု သိရသည်။