ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်ပြီး (၃)ဦး သေဆုံးကာ (၂၅)ဦး ဒဏ်ရာရ

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်ပြီး (၃)ဦး သေဆုံးကာ (၂၅)ဦး ဒဏ်ရာရ

 

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏  မိုင်တိုင်အမှတ် (၁၆၇/၄)နှင့် (၁၆၇/၅)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာ (၃)ဦးသေဆုံးပြီး (၂၅)ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။



 မိုင်တိုင်အမှတ် (၁၆၇/၄)နှင့် (၁၆၇/၅)ကြားတွင် ၂၀၂၃ခုနှစ် မတ်လ(၄)ရက်နေ့ နံနက်(၅)နာရီခွဲဝန်းကျင်အချိန်က ဒို့ညီနောင် ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားသော GUARD RAIL တန်းများအား တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။

ယာဉ်ပေါ်တွင် လိုက်ပါလာသူ (၃၁)ဦးအနက် (၃)ဦးမှာ ဒဏ်ရာရရှိခြင်းမရှိသော်လည်း ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား(၃)ဦးမှာ သေဆုံးသွားပြီး (၂၅)ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာ နေရာသို့ သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့်  ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ဒဏ်ရာရရှိသူများကို STT RESCUE တောင်ငူ မြန်မာနိုင်ငံ လူမှူ့ကယ်ဆယ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ  ဆွာတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

 

Photo: MFSD, STT RESCUE တောင်ငူ မြန်မာနိုင်ငံ လူမှူ့ကယ်ဆယ်ရေးအဖွဲ့