ရှမ်းပြည်နယ် စည်ပင် နှင့် မင်းခေတ်သစ်၊ UBL ကုမ္ပဏီတို့ စာချုပ်ချုပ်ဆို

ရှမ်းပြည်နယ် စည်ပင် နှင့် မင်းခေတ်သစ်၊ UBL ကုမ္ပဏီတို့ စာချုပ်ချုပ်ဆို
စက်တင်ဘာ 9, 2015 | ရှမ်းရှေ့

တောင်ကြီးမြို့တွင် ၂၀၁၅ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့၌ ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ၏ စည်ပင်သာယာရေးလုပ်ငန်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး နှင့် PPP/BOT လုပ်ငန်း သဘောတူစာချုပ်များ ချုပ်ဆိုပွဲတွင် တာချီလိတ်မြို့၊ ဝမ်ကောင်းမြို့မဈေး အပေါ်ထပ်တွင် မင်းခေတ်သစ်ကုမ္ပဏီလီမိတက် မှ ထပ်တိုးအဆောက်အဦ တည်ဆောက်ခြင်း ကိစ္စ နှင့် UBL ကုမ္ပဏီလီမိတက်မှ တာချီလိတ်မြို့ ပုဂ္ဂလိက အမှိုက်နှင့် မိလ္လာသိမ်းဆည်းခြင်း ဝန်ဆောင်မှု လုပ်ငန်းများ နှင့် စပ်လျဉ်း၍ သဘောတူလက်မှတ်ရေးထိုးကြကြောင်း သိရသည်။

ယင်းအပြင် တာချီလိတ်မြို့တွင်း ရေပေးရေးလုပ်ငန်း ပြင်ဆင်ချက် စာချုပ် နှင့် တာချီလိတ်မြို့ မီနီမားကတ်နှင့် အဝေးပြေး ယာဉ်ဂိတ်နားနေဆောင် လုပ်ငန်းပြင်ဆင်ချက် စာချုပ်တို့ကိုလည်း လုပ်ငန်းလက်ခံသူနှင့် လုပ်ငန်းအပ်နှံသူတို့မှ အသီးသီး လက်မှတ်ရေးထိုးကြကြောင်း ရှမ်းပြည်နယ်အစိုးအရအဖွဲ့ Website တွင် ဖော်ပြထားရှိသည်။