တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၂၁)ရက်နေ့ နေ့လည်ပိုင်းအထိ မယ်ခေါင်ရပ်ကွက်အတွင်းမှ အတည်ပြုလူနာ စုစုပေါင်း (၄)ဦး တွေ့ရှိ

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၂၁)ရက်နေ့ နေ့လည်ပိုင်းအထိ မယ်ခေါင်ရပ်ကွက်အတွင်းမှ အတည်ပြုလူနာ စုစုပေါင်း (၄)ဦး တွေ့ရှိ
ဒီဇင်ဘာ 21, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၂၁)ရက်နေ့ နေ့လည်ပိုင်းအထိ မယ်ခေါင်ရပ်ကွက်အတွင်းမှ အတည်ပြုလူနာ စုစုပေါင်း (၄)ဦး တွေ့ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံသို့ နေရပ်ပြန်ရန် လာရောက်စစ်ဆေးရာ COVID 19 ပိုးတွေ့ရသည့် ထိုင်းနိုင်ငံသား၏ နေအိမ်မှ နောက်ထပ် အမျိုးသမီး (၁)ဦးတွင်လည်း ပိုးတွေ့ရသဖြင့် အတည်ပြုလူနာ (၄)ဦး ထပ်တိုးတွေ့ရကြောင်း သိရသည်။
မယ်ခေါင်ရပ်ကွက် ရွှေမြေသာယာဈေး(လားဟူဈေး)အနီးတွင် အခန်းငှား နေထိုင်သည့် ထိုင်းနိုင်ငံသားသည် နေရပ်ပြန်ရန် အတွက် ဒီဇင်ဘာလ  (၂၁)ရက်နေ့၌ စစ်ဆေးရာမှ COVID 19 ပိုးတွေ့ရခြင်းဖြစ်ပြီး ၎င်းအပါအဝင် တစ်အိမ်ထဲအတူနေ (၅)ဦးရှိသည့်အနက် ကလေး (၁)ဦးမှလွဲ၍ ကျန်(၄)ဦးတွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
အတည်ပြုလူနာဖြစ်သည့် ထိုင်းအမျိုးသားနှင့် ၎င်း၏ ဇနီးအပါအဝင် မြန်မာနိုင်ငံသူ (၃)ဦးတို့ကို ကုသဆောင်များသို့ ပို့မည်ဖြစ်ပြီး ပထမအကြိမ် စစ်ဆေးမှုအတွင်း ပိုးမတွေ့ရသည့် ကလေးငယ်ကို အသွားအလာကန့်သတ်ထားရှိနိုင်ရန် တာဝန်ရှိသူများက စီစဉ်နေကြကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍ COVID 19 ဒေသတွင်း ကူးစက်မှုအဖြစ် တွေ့ခဲ့ရပြီးနောက် ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၁၀၈)ဦးရှိပြီး ယင်းတို့အနက် (၁၀၆)ဦးမှာ နိုဝင်ဘာလ (၂၂)ရက်နေ့မှ ဒီဇင်ဘာလ (၂၁)ရက်နေ့ကြားကာလတွင် တွေ့ရခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~