၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီကို ဖျက်သိမ်းလိုက်ပြီး ပါတီမှ ကိုယ်စားလှယ်လောင်းများပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့

၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီကို ဖျက်သိမ်းလိုက်ပြီး ပါတီမှ ကိုယ်စားလှယ်လောင်းများပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့
အောက်တိုဘာ 17, 2020
By Tachileik News Agency
၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီကို ဖျက်သိမ်းလိုက်ပြီး ပါတီမှ ကိုယ်စားလှယ်လောင်းများပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့
အိုးဘိုထောင်မှ ထွက်ပြေးခဲ့သည့် ထောင်ပြေးမှုဖြင့် အမှုရင်ဆိုင်နေရသည့် ဦးကျော်မြင့် ဥက္ကဌအဖြစ် တာဝန်ယူထားသည့် နှင်းဆီပါတီ (ညီညွတ်သောဒီမိုကရက်တစ်ပါတီ -UDP)ပါတီအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီကိုဖျက်သိမ်းလိုက်ပြီး ပါတီ၏ကိုယ်စားလှယ်လောင်းများအားလုံးလည်း ရွေးကောက်ခံပိုင်ခွင့် မရတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့၌ ထုတ်ပြန်ကြေညာလိုက်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ်( ၁၉၈/ ၂၀၂၀ )ဖြင့် အဆိုပါ ပါတီအား နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီးနောက် အဆိုပါ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ရွေးကောက်ခံပိုင်ခွင့်မရှိတော့ကြောင်း ကြေညာချက်ကို ထပ်မံအသိပေးကြေညာလာခြင်းဖြစ်သည်။
ပါတီဥက္ကဌဖြစ်သူ ဦးကျော်မြင့်အား ရာဇသတ်ကြီးပုဒ်မ၂၂၄ ဖြင့် စက်တင်ဘာလ (၂၉) ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပန်းလှိုင်အိမ်ယာ၌ ဖမ်းဆီးခဲ့ပြီးနောက် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် အမှုစစ်ဆေးနေခြင်းဖြစ်သည်။
ဦးကျော်မြင့်သည် ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့က မန္တလေး အိုးဘိုထောင်တွင်  အကျဉ်းကျနေစဉ်  အကျဉ်းထောင်ပြင်ပဆေးကုသခွင့်ရယူပြီးနောက် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
ဦးကျော်မြင့်၏ နှင်းဆီပါတီ (ညီညွတ်သောဒီမိုကရက်တစ်ပါတီ -UDP)ပါတီ ကိုယ်စားပြုပြီး ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ နိုင်ငံတစ်ဝန်း မဲဆန္ဒနယ် (၁၁၃၀)နေရာတွင်  ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြီးလျှင် ဒုတိယမြောက် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်အများဆုံး ရွေးကောက်ပွဲဝင်ပါတီ ဖြစ်သည်။
  Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~