လာအိုနိုင်ငံက ပြန်လာသည့် အတည်ပြုလူနာ Case 311 နှင့် ပတ်သက်၍ ကျန်းမာရေးက သတင်းထုတ်ပြန်

လာအိုနိုင်ငံက ပြန်လာသည့် အတည်ပြုလူနာ Case 311 နှင့် ပတ်သက်၍ ကျန်းမာရေးက သတင်းထုတ်ပြန်
ဇူလိုင် 6, 2020
By Tachileik News Agency

လာအိုနိုင်ငံက ပြန်လာသည့် အတည်ပြုလူနာ Case 311 နှင့် ပတ်သက်၍ ကျန်းမာရေးက သတင်းထုတ်ပြန်

လာအိုနိုင်ငံမှ ပြန်ရောက်ပြီး Covid-19 ပိုး စစ်ဆေးတွေ့ရှိရသည့် Case - 311 နှင့် လာအိုနိုင်ငံမှ ရန်ကုန်ရောက်သည်အထိ အနီးကပ်ထိတွေ့သူ (၁၇)ဦးကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးထားပြီး နောက်ထပ် (၁၂ )ဦးကိုလည်း ဓာတ်ခွဲနမူနာ ထပ်မံရယူထားကြောင်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ Case 311 သည် ဇွန်လ (၂၄)ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ဝင်ရောက်လာရာခြင်းဖြစ်ပြီး စီစဉ်ပေးထားသည့် မော်တော်ယာဉ်များဖြင့် ရန်ကုန်သို့  ပြန်ပို့ပေးခဲ့စဉ် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးများရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ (၁၇) ဦးအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိသူ (၅)ဦးနှင့် ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲ (၁၂) ဦးရှိပြီး လူနာနှင့် ထိတွေ့ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် (၁၂) ဦးအားလည်း သီးခြားထားရှိ၍ ဇူလိုင်လ (၅) ရက်နေ့တွင် ဓာတ်ခွဲနမူနာ ပို့ထားကြောင်း သိရသည်။

COVID-19 လူနာအမှတ် C-311 အသက် (၄၃) နှစ်အရွယ် အမျိုးသားသည် လွန်ခဲ့သော (၆) လခန့်မှစ၍ လာအိုနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ် လုပ်ခဲ့ပြီး ဇွန်လ (၂၄)ရက်နေ့တွင် လာအိုနိုင်ငံမှနေ၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ဝမ်ပုံဆိပ်ကမ်းသို့  (၁၈၆)ဦးနှင့်အတူ ပြန်လည်လက်ခံရေး အစီအစဉ်ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ယင်းနေ့မှာပင် တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ တာချီလိတ်ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ စီစဉ်ပေးသော မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ဇွန်လ (၂၅) ရက်နေ့ ည (၇) နာရီခွဲ အချိန်တွင် တောင်ကြီးမြို့သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ပေးသည့် မော်တော်ယာဉ် တစ်စီးဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ခရီးစဉ်တူသူ (၁၇) ဦးနှင့်အတူ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်သည် ဇွန်လ(၂၆) ရက်နေ့တွင် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ ရောက်ရှိခဲ့ရာ  လူနာအမှတ် (C-311) သည် ရန်ကုန်မြို့အနီး အမြန်လမ်းမှတစ်ဆင့် သုံးဘီးဆိုင်ကယ်ဖြင့် တိုက်ကြီးမြို့နယ်၊ အင်းလန်ဂိတ်သို့သွားရောက်ခဲ့ပြီး ဝင်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖုန်းဖြင့်ချက်ချင်းအကြောင်းကြားခဲ့ကြောင်း သိရသည်။

အဆိုပါနေ့တွင်ပင် ဝင်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူး စီစဉ်ထားသောကားဖြင့် ကမာရွတ်မြို့နယ်၊ ပညာရေးတက္ကသိုလ်ဝင်းအတွင်းရှိ ဧကရီဆောင်သို့သွားရောက်ခဲ့ပြီး ည (၈) နာရီခွဲအချိန်ခန့်တွင် ရောက်ရှိကာ Quarantine ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဇူလိုင်လ (၄) ရက်နေ့၌ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုးတွေ့ရှိရသဖြင့် တောင်ဥက္ကလာပအထူးကုဆေးရုံတွင် သီးခြားထားရှိ၍ ဆေးဝါး ကုသမှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီး အခြေအနေကောင်းမွန်နေကြောင်း သိရသည်။

လာအိုနိုင်ငံဘက်တွင်လည်း ၎င်းနှင့်ထိတွေ့သူများကို ဓါတ်ခွဲနမူနာများ ရယူ၍ စစ်ဆေးထားရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~