လားရှိုးမြို့တွင် (၉၀)ဦးကို စစ်ဆေးရာ (၁၁)ဦးတွင် Covid-19 ပိုးတွေ့

လားရှိုးမြို့တွင် (၉၀)ဦးကို စစ်ဆေးရာ (၁၁)ဦးတွင် Covid-19 ပိုးတွေ့

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဇွန်လ (၁၂)ရက်နေ့က နှာခေါင်း၊ အာခေါင်တို့ဖတ်ရယူစစ်ဆေးထားသူ (၉၀)ဦးအနက် (၁၁)ဦးတွင် Covid-19 ပိုး တွေ့ရှိသဖြင့် စုစုပေါင်း ပိုးတွေ့သူ (၄၅)ဦးအထိရှိနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ကစ၍ လားရှိုးမြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုမှ လူနာအမျိုးသားတစ်ဦးထံ Covid-19ပိုး တွေ့ရှိပြီးနောက်ပိုင်း ၎င်းနှင့်ဆက်စပ်သူများအပါအဝင် လက်ရှိအချိန်ထိ ကိုဗစ်ပိုးတွေ့ရှိထားသူ စုစုပေါင်း (၄၅)ဦး ရှိနေခြင်းဖြစ်သည်။

Covid-19 ပိုး တွေ့ရှိသူများအနက် (၄) ဦးသည် လားရှိုးပြည်သူ့ဆေးရုံရှိ Covid-19 ကုသဆောင်တွင် ရှိနေခြင်းဖြစ်ပြီး မန္တလေးမြို့တော်ဆေးရုံတွင် (၄)ဦး ရောက်ရှိနေခြင်းဖြစ်သည်ဟုသိရသည်။

ပိုးတွေ့သူများထဲတွင် လားရှိုး - လောက်ကိုင်သို့ ပြေးဆွဲနေသည့် ကားမောင်းသူတစ်ဦး၏ ဇနီးတစ်ဦး( မသင်္ကာ၍ လာအစစ်ခံရာမှ ပိုးတွေ့သူ)လဲ ပါဝင်သည်ဟု သိရသည်။

 

Photo: လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း