Covid-19 ပိုးတွေ့ရှိသူ (၁၃၀)ဦးအထိ ရှိလာ၍ တောင်တွင်းကြီးမြို့အား Stay at Home အဖြစ် (၇)ရက် သတ်မှတ်

Covid-19 ပိုးတွေ့ရှိသူ (၁၃၀)ဦးအထိ ရှိလာ၍ တောင်တွင်းကြီးမြို့အား Stay at Home အဖြစ် (၇)ရက် သတ်မှတ်
ဒီဇင်ဘာ 8, 2020
By Tachileik News Agency
Covid-19 ပိုးတွေ့ရှိသူ (၁၃၀)ဦးအထိ ရှိလာ၍ တောင်တွင်းကြီးမြို့အား Stay at Home အဖြစ် (၇)ရက် သတ်မှတ်
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ ပိုးတွေ့လူနာနှင့်ထိတွေ့မှုရှိသူ (၃)ဦး ဒီဇင်ဘာလ(၇)ရက်နေ့တွင် ထပ်တိုး တွေ့ရှိရ၍ မြို့နယ်အတွင်း ပိုးတွေ့လူနာစုစုပေါင်း (၁၃၀)ဦးအထိ ရှိလာသည့်အတွက် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့ နေ့လည်(၁၂)နာရီ (၁)မိနစ်က စတင်ကာ Stay at Home အဖြစ် (၇)ရက် သတ်မှတ်လိုက်ကြောင်း သိရသည်။
“ဒေသတွင်းကူးစက်ဖြစ်နိုင်ခြေကို အတိုင်းအတာတခုအထိ ဖြတ်တောက် ဖြေရှင်းနိုင်စေဖို့အတွက် တောင်တွင်းကြီးမြို့ပေါ် (၁၀)ရပ်ကွက်က ပြည်သူတွေ (၇)ရက် ကိုယ့်အိမ်မှာပဲနေကြဖို့ Stay at Home သတ်မှတ်လိုက်ရတာပါ။ လိုက်နာဖို့ ပျက်ကွက်ရင်တော့ တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်” ဟု  တောင်တွင်းကြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 ဒေသတွင်းကူးစက်မှု များပြားလာသဖြင့် ဒီဇင်ဘာလ (၈)ရက်နေ့နံနက် (၁၂)နာရီ(၁)မိနစ် အချိန်မှစတင်၍ ဒီဇင်ဘာလ(၁၄)ရက်နေ့ ည(၁၂)နာ ရီအချိန်ထိ Stay at Homeအဖြစ် ရက်သတ္တပါတ် (၇)ရက် သတ်မှတ်မည်ဖြစ်ကြောင်း တောင်တွင်းကြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
တောင်တွင်းကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီက တောင်တွင်းကြီးမြို့ပေါ်ရှိ မြို့မဈေး၊ ဒက္ခိဏ ဈေး(ညဈေး)၊ ရခိုင်ဘုရားကြီး(ယာယီဈေး) နှင့် ကျေးလက်ဈေးများဖြစ်သည့် ဆတ်သွားဈေး၊ ချောင်းနက်ဈေးတို့ကို ဒီဇင်ဘာလ(၈)ရက် နံနက်(၁၂)နာရီ(၁)မိနစ်အချိန်မှ ဒီဇင်ဘာ(၁၄)ရက် ည (၁၂)နာရီ အချိန်ထိ ယာယီပိတ်သိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာ(၇)ရက် ည(၇)နာရီအချိန်ထိ COVID-19 ပိုးတွေ့လူနာ စုစုပေါင်း (၁,၅၆၇)ဦးအထိ ရှိလာကာ အနံ့ပျောက် ပိုးတွေ့ (၈၄) ဦး၊ ယာဉ်မောင်း (၈၄) ဦး၊ ယာဉ်နောက်လိုက် (၁၇) ဦးအထိ ပိုးကူးစက်ခံရမှု ရှိနေကြောင်းသိရပြီး သေဆုံးသူလည်း (၄)ဦးအထိ ရှိလာကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ- ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~