တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယောင်းမှ (၁၈) ဦး၏ ဓါတ်ခွဲနမူနာများတွင် COVID 19 ပိုးမတွေ့

တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယောင်းမှ (၁၈) ဦး၏ ဓါတ်ခွဲနမူနာများတွင် COVID 19 ပိုးမတွေ့
မေ 26, 2020
By Tachileik News Agency

တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယောင်းမှ (၁၈) ဦး၏ ဓါတ်ခွဲနမူနာများတွင် COVID 19 ပိုးမတွေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယောင်းတို့မှ စုစုပေါင်း (၁၈) ဦး၏ COVID 19 ဓါတ်ခွဲနမူနာများတွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ မေလ (၂၆) ရက်နေ့၌ ဓါတ်ခွဲအဖြေရလာပြီဖြစ်သည်။

အဆိုပါ ဓါတ်ခွဲအဖြေတွင် တာချီလိတ်ဆေးရုံ၌ သေဆုံးသွားသည့် ပန်ဆန်းမှ လူနာ (၁) ဦး၊ လူနာနှင့်အတူလိုက်ပါလာသူ (၂)ဦး စုစုပေါင်း (၃)ဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံမှ စောင့်ကြည့်လူနာ (၁)ဦး၊ မိုင်းယောင်းရှိ facilily quarantine ရက်ပြည့်သဖြင့် ဓါတ်ခွဲနမူနာစစ်ဆေးမည့် (၂) ဦးနှင့် မိုင်းဆတ်မှ  facilily quarantine ရက်ပြည့်သဖြင့် ဓါတ်ခွဲနမူနာစစ်ဆေးမည့် (၁၁) ဦးတို့၏ ဓါတ်ခွဲနမူနာများနှင့် ကျိုင်းတုံဆေးရုံတွင် ကုသမှုခံယူနေဆဲ အတည်ပြုလူနာ Case 64 ၏ ဓါတ်ခွဲနမူနာတို့ ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မေလ (၂၅)ရက်နေ့အထိ အတည်ပြုလူနာ (၁)ဦးသာ ကျန်တော့ပြီး ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~