COVID 19 ပိုးတွေ့ရသည့် ထိုင်းဘက်က ပြန်လွှဲသူ (၂၃)ဦးမှာ ထိုင်း - မလေးရှား နယ်စပ်ရှိ ထိန်းသိမ်းရေးစခန်းမှ လွှဲပေးသူများဖြစ်နေ

COVID 19 ပိုးတွေ့ရသည့် ထိုင်းဘက်က ပြန်လွှဲသူ (၂၃)ဦးမှာ ထိုင်း - မလေးရှား နယ်စပ်ရှိ ထိန်းသိမ်းရေးစခန်းမှ လွှဲပေးသူများဖြစ်နေ
ဇွန် 21, 2020
By 🌸

COVID 19 ပိုးတွေ့ရသည့် ထိုင်းဘက်က ပြန်လွှဲသူ (၂၃)ဦးမှာ ထိုင်း - မလေးရှား နယ်စပ်ရှိ ထိန်းသိမ်းရေးစခန်းမှ လွှဲပေးသူများဖြစ်နေ

မြန်မာနိုင်ငံဘက်တွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့က COVID 19 ပိုးစစ်ဆေးတွေ့ရသည့် မြန်မာနိုင်ငံသား (၂၃)ဦးကို ထိုင်း - မလေးနယ်စပ် ဆုန်ခလာရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းမှ လွှဲပြောင်းပေးလာခြင်းဖြစ်ကြောင်း တက်ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးက ထုတ်ဖေါ်ပြောကြားထားသည်။

ထိုင်းနိုင်ငံ၊ ဆုန်ခလာလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းက  ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား (၃၅)ဦးကို မဲဆောက် - မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် မြန်မာဘက်သို့ ၎င်းအနေဖြင့် တာဝန်ခံလွှဲပေးရာ၌ ဆုန်ခလာလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှ ကျန်းမာရေးထောက်ခံစာများဖြင့်ပါ တပါတည်း လွှဲပြောင်းပေးထားခြင်းဖြစ်သည်ဟု တက်ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးက ထုတ်ဖေါ်ပြောကြားကြောင်း ထိုင်းဒေသတွင်း သတင်းဌာနတစ်ခုက ဇွန်လ (၂၀)ရက်နေ့တွင် ရေးသားထားသည်။

အဆိုပါ မြန်မာနိုင်ငံသား (၃၅)ဦးကို မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် (၂) မှ တဆင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးထားခြင်းဖြစ်ပြီး ဘားအံမြို့ရှိ Quarantine စင်တာတွင် ထားရှိကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားနှင့် ထိုင်းနယ်စပ်ရှိ ဆုန်ခလာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများမှ ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသူများ၊ ထိုင်းဘက်မှနေ၍ မလေးရှားနယ်စပ်ကို တရားမဝင်ဖြတ်ရန် ကြိုးစားသူများကို ထိန်းသိမ်းထားခြင်းဖြစ်ပြီး ဧပြီလအတွင်းက ယင်းကဲ့သို့ ထိန်းသိမ်းထားသည့် နိုင်ငံခြားသား (၄၂)ဦးတွင် COVID-19 ရောဂါပိုးတွေ့ထားခြင်းဖြစ်သည်။

Tachileik News Agency
Photo: Khaosod
Ref: Northernnewsthailand


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~