ထိုင်းနိုင်ငံတွင် ရေကြီးမှုအတွင်း မိကျောင်းများလွတ်သွား၍ လိုက်လံရှာဖွေ

ထိုင်းနိုင်ငံတွင် ရေကြီးမှုအတွင်း မိကျောင်းများလွတ်သွား၍ လိုက်လံရှာဖွေ
အောက်တိုဘာ 19, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ခေါင်းကိန်ပြည်နယ် Muang ခရိုင်တွင် ရေကြီးမှုအတွင်း မွေးမြူရေးခြံမှ မိကျောင်းများ လွတ်သွားခဲ့ပြီး ပြန်မဖမ်းမိသေးသည့် မိကျောင်း (၂) ကောင်ကို ရှာဖွေနေကြသည်။ 

မွေးမြူရေးခြံမှ မိကျောင်း (၄) ကောင် လွတ်သွားခဲ့ခြင်းဖြစ်ပြီး ပထဆုံးတစ်ကောင်ကို လွန်ခဲ့သည့် (၃) ရက်က စပါးစိုက်ခင်းတစ်ခုတွင် ပြန်ရှာတွေ့ပြီး ဖမ်းဆီးခဲ့သည်။

အောက်တိုဘာလ (၁၈) ရက် ညနေပိုင်းတွင် Muang ခရိုင်ရှိ Nong Tum ကျေးရွာတွင် အရှည် (၉) ပေကျော်သည့် နောက်ထပ် မိကျောင်းတစ်ကောင်ကို ပြန်ဖမ်းမိခဲ့ကြောင်း သိရသည်။ 

အသက် (၁) နှစ်ခန့်ရှိပြီဖြစ်သည့် ထိုမိကျောင်း (၂) ကောင်လုံးမှာ ရေကြီးမှုအတွင်း မွေးမြူရေးခြံမှ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ 

နောက်ထပ် ကျန်ရှိနေသေးသည့် မိကျောင်း (၂) ကောင်ကို ဆက်လက် ရှာဖွေနေကြောင်း တာဝန်ရှိသူက ပြောသည်။

ရေကြီးမှုအတွင်း မိကျောင်းမွေးမြူရေးခြံမှ မိကျောင်း (၈) ကောင်ကို ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့် ဒေသခံများ ပူးပေါင်းပြီး စိတ်ချရသည့် နေရာသို့ ရွှေ့ပြောင်းပို့ဆောင်ခဲ့ကြသည်။ 

မိကျောင်း (၂) ကောင်ကို ပြန်ဖမ်းမိပြီးနောက် ဒေသခံများက နောက်ထပ် မိကျောင်းများ လွတ်သွားနိုင်သေးကြောင်း တာဝန်ရှိသူကို သတိပေးခဲ့သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် စစ်ဆေးမှုအရ မွေးမြူရေးခြံမှ မိကျောင်း (၄) ကောင် လွတ်သွားခြင်းဖြစ်ကြောင်း သိရှိခဲ့သည်။ 

ကျန်ရှိနေသေးသည့် မိကျောင်း (၂) ကောင်ကို ရှာဖွေနေကြဆဲဖြစ်ရာ Nong Tum ဒေသခံများအနေဖြင့် အထူးသတိထားကြရန် ခေါင်းကိန်းပြည်နယ် အုပ်ချုပ်ရေးမှူး Kraisorn Kongchalard က အောက်တိုဘာလ (၁၈) ရက်နေ့တွင် သတိပေးခဲ့သည်။

Source: Bangkok Post