ရခိုင်ပြည်နယ်အတွင်းသို့ ဩဂုတ်လ(၁၀)ရက်နေ့ကစ၍ ခရီးသွားလာခဲ့သူများ နီးစပ်ရာ ကျန်းမာရေးဌာနတွင် စစ်ဆေးမှုခံယူရန် ဝန်ကြီးဌာနက အသိပေးနှိုးဆော်

ရခိုင်ပြည်နယ်အတွင်းသို့ ဩဂုတ်လ(၁၀)ရက်နေ့ကစ၍ ခရီးသွားလာခဲ့သူများ နီးစပ်ရာ ကျန်းမာရေးဌာနတွင် စစ်ဆေးမှုခံယူရန် ဝန်ကြီးဌာနက အသိပေးနှိုးဆော်
သြဂုတ် 26, 2020
By Tachileik News Agency


ရခိုင်ပြည်နယ်အတွင်းသို့ ဩဂုတ်လ(၁၀)ရက်နေ့ကစ၍ ခရီးသွားလာခဲ့သူများ နီးစပ်ရာ ကျန်းမာရေးဌာနတွင် စစ်ဆေးမှုခံယူရန် ဝန်ကြီးဌာနက အသိပေးနှိုးဆော်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဩဂုတ်လ(၁၆)ရက်နေ့က စတင်တွေ့ရှိသည့် covid-19 ပြည်တွင်းကူးစက်မှု လူနာအရေအတွက် စုစုပေါင်းသည် ဩဂုတ်လ(၂၅)ရက်နေ့ ည(၈)နာရီအထိ (၁၁၀)ဦးရှိသွားပြီ ဖြစ်သည့်အတွက် ဩဂုတ်လ (၁၀)ရက်နေ့က စ၍ ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခဲ့သူများ နီးစပ်ရာ ကျန်းမာရေးဌာနတွင် စစ်ဆေးမှုခံရယူရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။ Covid-19 ပြည်တွင်းကူးစက်မှုအဖြစ် ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့မှ ဩဂုတ်လ(၂၅)ရက်နေ့အထိ စစ်ဆေးတွေ့ရှိရသည့် (၁၁၀)ဦးတွင် စစ်တွေမြို့နယ်အတွင်း နှင့် စစ်တွေမြို့မှ ခရီးသွားလာသူများ ပါဝင်ပြီး အများဆုံးတွေ့ရှိမှုမှာ စစ်တွေမြို့က ဖြစ်ကြောင်း သိရသည်။

Covid-19 ပြည်တွင်းကူးစက်မှုများ တားဆီးကာကွယ်နိုင်ရေးအတွက် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း နှင့် ရခိုင်ပြည်နယ်အတွင်းသို့ ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၀)ရက်နေ့က စ၍ ခရီးသွားလာခဲ့သူများရှိပါက လက်ရှိ ရောက်ရှိရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ သတင်းပို့ကာ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရန် လိုအပ်ကြောင်း ဝန်ကြီးဌာနက ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၅)ရက် ည(၁၀)နာရီအချိန်က အသိပေးနှိုးဆော်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ ဩဂုတ်လ(၂၅)ရက်နေ့ ည(၈)နာရီအချိန်အထိ ဓါတ်ခွဲနမူနာပေါင်း ( ၁၄၇,၈၂၀ )ခု စစ်ဆေးထားပြီး အတည်ပြုလူနာမှာ စုစုပေါင်း (၅၀၄)ဦး ရှိလာခြင်း ဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~