တာချီလိတ် မြို့ကွက်သစ် အပိုင်း (ဆ) မြေကွက်ပိုင်ရှင်များ ဇွန်လ (၁၉)ရက်နေ့ နောက်ဆုံးထား၍ မြေယာဌာနသို့ ဆက်သွယ်ရမည်

တာချီလိတ် မြို့ကွက်သစ် အပိုင်း (ဆ) မြေကွက်ပိုင်ရှင်များ ဇွန်လ (၁၉)ရက်နေ့ နောက်ဆုံးထား၍ မြေယာဌာနသို့ ဆက်သွယ်ရမည်
ဇွန် 3, 2020
By Tachileik News Agency

တာချီလိတ် မြို့ကွက်သစ် အပိုင်း (ဆ) မြေကွက်ပိုင်ရှင်များ ဇွန်လ (၁၉)ရက်နေ့ နောက်ဆုံးထား၍ မြေယာဌာနသို့ ဆက်သွယ်ရမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်ရှိ မြို့ကွက်သစ်အပိုင်း (ဆ) တွင် မြေကွက် ပိုင်ဆိုင်ထားသူများအနက် မြေယာဌာနသို့ ဆက်သွယ်ရန် ကျန်ရှိနေသူများ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်ရမည်ဖြစ်ပြီး ဆက်သွယ်ခြင်းမရှိပါက မြေယာဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

မြို့ကွက်သစ်အပိုင်း (ဆ)တွင် မြေကွက်တိုင်းတာခြင်းလုပ်ငန်းများ  ဆောင်ရွက်မည်ဖြစ်ပြီး  မြေယာအရှုပ်အရှင်း မဖြစ်စေရန် စာရွက်စာတမ်း အထောက်အထား စိစစ်ခြင်းများ ပြုလုပ်မည်ဖြစ်၍  မြေပေးမိန့်ရထားသူများ၊ မြေကွက်ဝယ်ယူထားသူများ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ  မြေယာဌာနသို့ ၂၀၂၀ ခုနှစ်၊ မေလ (၁၄)ရက်နေ့မှ မေလ (၂၂)ရက်နေ့အထိကာလအတွင်း ဆက်သွယ်ကြရန် မေလ (၁၃)ရက်နေ့က အသိပေးကြေညာထားရာ မြေကွက်အရေအတွက် (၈၃) ကွက်၏ပိုင်ရှင် (၅၁)ဦးကသာ ဆက်သွယ်လာခြင်းဖြစ်ကြောင်း သိရသည်။

ကျန်ရှိသည့် မြေပေးမိန့် ရထားသူများ သို့မဟုတ် တစ်ဆင့် ပြန်လည်ဝယ်ယူထားသူများအနေဖြင့် မူလမြေပေးမိန့်မူရင်း၊ တစ်ဆင့် ဝယ်ယူထားသူများအနေဖြင့် မူလမြေပေးမိန့်အပြင် လွှဲပြောင်းဝယ်ယူထားသည့် စာချုပ်စာတမ်းအဆင့်ဆင့်၊ အမည်ပြောင်းမြေပေးမိန့် ထုတ်ယူထားသူများအနေဖြင့် အမည်ပြောင်းမြေပေးမိန့်မူရင်း၊ မူလမြေပေးမိန့်ရရှိထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ၊ လက်ဆင့်ကမ်း ဝယ်ယူထားပါက လက်ဆင့်ကမ်းဝယ်ယူထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူများကို ခရိုင်အုပ်ချုပ်ရေးရုံးရှိ မြေယာဌာနသို့ ဇွန်လ (၁၉)ရက်နေ့ နောက်ဆုံးထား၍ တင်ပြကြရန် ထပ်မံသတိပေးထားသည်။

ဝိန်းကျောက်ရပ်ကွက်အတွင်း (ဆ) မြေကွက်သစ်အဖြစ် ၂၀၀၅ ခုနှစ်၊ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ရှမ်းပြည်နယ်အရှေ့ပိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ခင်ဇော်လက်ထက်က ခွင့်ပြုပေးခဲ့ပြီး ပေ (၄၀ x ၆၀) မြေကွက်ပေါင်း (၁၆၀) ကျော်ချထားပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ လူနေထိုင်ခြင်းမရှိဘဲ ခြုံနွယ်ထူထပ်သည့်နေရာဖြစ်နေ၍ ဝင်ရောက်နေထိုင်သူအချို့ ရှိလာ၍ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့က ကျူးကျော်ဖယ်ရှားရေးကို လုပ်ဆောင်ထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~